စေတုတ္တရာ ဧပြီ ၁၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုရေကစားမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်း (၄) နာရီ အချိန်က မြို့နယ်ရှိဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ပန်းခြံရှေ့လမ်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင် (၁) ဗိုလ်မှုးသိန်းမင်းဇင်က နှစ်သစ်ကူးအဖွင့်ဆုတောင်းစကားပြောကြားပြီး မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ရေကစားမဏ္ဍပ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှအဖွဲ့ဝင် (၁) ဗိုလ်မှုးသိန်းမင်းဇင်၊ အဖွဲ့ဝင်ဦးသောင်းစိန်၊ အတွင်းရေးမှူးရဲမှူးဝင်းကိုကိုနှင့်မဟာသက်ြန်ဖြစ်မြောက်ရေးနှင့်ဦးစီးကော်မတီမှမြို့နယ်စီမံကိန်းဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူးဦးမျိုးမြင့်အောင်၊ပညာရေးဌာနမြို့နယ်ပညာရေးမှူးဦးသန်းမြိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြသည်။
ထို့နောက် သင်္ကြန်ယိမ်းအကအဖွဲ့များကမြူမှောင်ဝေကင်းသီချင်းဖြင့် ကပြဖျော်ဖြေကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်များ၊ မဟာသက်ြန်ဖြစ်မြောက်ရေးနှင့် ဦးစီကော်မတီမှ ဌာနဆိုင်ရာအကြီးအကဲများက သပြေခက်များဖြင့် အတာရေများလိုက်လံပက်ဖျန်း၍ ဌာနဆိုင်ရာအကြီးအကဲများက သက်ြန်းတေးသီချင်းများဖြင့် သီဆိုဖျော်ဖြေ၍စတုဒီသာများဖြင့် ဧည့်ခံကျွေးမွေးကြကြောင်း သိရသည်။
စေတုတ္တရာမြို့နယ်၌ မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ဖျော်ဖြေရေး ရေကစားမဏ္ဍပ်တွင်သင်္ကြန်ကာလ (၃) ရက်အတွင်း ပညာရေးဌာနယိမ်းများ၊ အမှတ် (၁) ၊ (၂) ရပ်ကွက်သင်္ကြန်ယိမ်း၊ အကအလှများကပြဖျော်ဖြေခြင်း၊ ဝါသနာရှင်များမှ သင်္ကြန်တေးသီချင်းများနှင့် ခေတ်ပေါ်တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်၍ လာရောက်ရေကစားကြသူပြည်သူများအား စတုဒီသာများဖြင့်သင်္ကြန်ကာလအတွင်း ဧည့်ခံပေးသွားမည်ဖြစ်၍သင်္ကြန်ပွဲတော် ကိုအေးချမ်းပျော်ရွှင်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဆန်းကိုကို (ပြန်/ဆက်)