တနင်္သာရီ ဧပြီ ၁၄
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့ ချောင်းငယ်ရပ်ကွက် ဈေးလမ်းရှိ အောင်မင်္ဂလာဈေး (၂) ဈေး အရှေ့နှင့် ဈေးတွင်းနေရာများတွင် မြန်မာသက္ကရာဇ် ၁၃၈၅-၁၃၈၆ ခုနှစ်၊ မဟာသင်္ကြန် အကြိုနေ့ဖြစ်သည့် ဧပြီလ ၁၃ ရက်နေ့ နံနက်၆နာရီမှစ၍ သင်္ကြန်ပန်း၊ အတာအိုး/အတာပန်း၊ တံခွန်ကုက္ကားများနှင့် ရေပန်းပစ္စည်းများကို ရောင်းသူ/ဝယ်သူများဖြင့် စည်ကားလျက်ရှိပါသည်။
ထို့အပြင် သင်္ကြန်ကာလအတွင်း အေးချမ်းစွာချက်ပြုတ်စားသောက်နိုင်ရန်အတွက် မိသားစုအလိုက်လိုအပ်သည့် မီးဖိုချောင်သုံးပစ္စည်းများကို ကြိုတင်စုဆောင်း၍ ရောင်းသူ/ဝယ်သူများလည်း စည်ကားလျက်ရှိကြောင်း သိရသည်။
နန်းသာရီ
ထိန်ဝင်း (ပြန်ဆက်)