နောင်ချို ဧပြီ ၁၄
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်သဖန်းကိုင်းပရဟိတအကယ်ဒမီ ဝိပဿနာဓမ္မရိပ်သာ၌ နဝမအကြိမ်မြောက် မဟာသတိပဌာန်မိုးကုတ်ဝိပဿနာ (၅) ရက်တရားစခန်းကို ယမန်နေ့ညနေပိုင်းကဖွင့်လှစ်ခဲ့ကြောင်း သဖန်းကိုင်းပရဟိတဆရာတော်ထံမှ သိရသည်။
ဖွင့်ပွဲအခမ်းအနား၌ သဖန်းကိုင်းပ ဟိတဆရာတော်မှ အဖွင်စကားမြွက်ကြားကာ ကမ္နဌာနစရိယဆရာတော်များဖြစ်ကြသည့် အရှင်ကေသရ၊အရှင်ဝိမလ၊အရှင်ပညိန္ဒ အရှင်သူမြတ်တို့က ဝိပဿနာသင်တန်းနှင့် ပက်သက်သည့်စည်းကမ်းများအား ရှင်းလင်းမိန့်ကြားခဲ့သည်။
နဝမအကြိမ်မြောက် မိုးကုတ်ဝိပဿနာတရားစခန်းသို့ ယောဂီသူတော်စင် ၂၆၇ ဦးဝင်ရောက်ခဲ့ကြောင်း (၁၃-၄-၂၀၂၄) နေ့မှ ၁၀ ရက် (၁၈-၄-၂၀၂၄) နေ့အထိ၅ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း၊ တရားစခန်းအား သဖန်းကိုင်းပရဟိတ ဆရာတော်သဒ္ဒမ္မဇောတိက ဓဇဒေါက်တာဘဒ္ဒန္တပညာလင်္ကာရ ဦးဆောင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းနှင့် တရားစခန်းသို့ဝင်ရောက်ကြသည့် ရဟန်းလူယောဂီသူတော်စင်များ ချမ်းသာလွယ်ကူစွာတရားအား ထုတ်နိုင်ကြစေရန်အလှူရှင်များအနေဖြင့် နံနက်အရုဏ်ဆွမ်း၊ နေ့ဆွမ်း၊ ဘောဇဉ်ဖျော်ရည်၊ သောက်ရေသန့်၊ တစ်နေ့တာလျှပ်စစ်မီး၊ ဆေးပစ္စည်းတို့အားလှူဒါန်းလိုပါက တရားစခန်းဖြစ်မြောက်ရေး အကျိုးဆောင်များထံသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သဖန်းကိုင်းပရဟိတဆရာတော်ထံမှ သိရသည်။
ထွေးငယ်
နောင်ချို (ပြန်/ဆက်)