မွန်ပြည်နယ်၀န်ကြီးချုပ် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို  စည်ကားသိုက်မြိုက်စွာ ဖဲကြိုးဖြတ်ဖွင့်လှစ်

မော်လမြိုင် ဧပြီ ၁၄

မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ရှေးမြန်မာမင်းများလက်ထက် ခေတ်အဆက်ဆက်မှစပြီးမပျက်မကွက် ထိန်းသိမ်းစောင့်ရှောက်လာခဲ့ကြရာ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မွန်ပြည်နယ် မြန်မာရိုးရာမဟာသင်္ကြန် ပွဲတော်ဖွင့်ပွဲကို ယနေ့အတာသင်္ကြန်အကြိုနေ့ ညနေပိုင်းက မော်လမြိုင်မြို့၊ ကမ်းနားလမ်း၊ ဗဟိုမဏ္ဍပ်၌ကျင်းပခဲ့သည်။

မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် ကျော်လင်းမောင်၊ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့်ပြည်နယ်အစိုးရအဖွဲ့၀င် ၀န်ကြီးများက ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ဇီဝိတဒါနငှက်လွှတ်ပေး ခဲ့ကြသည်။

ထို့နောက် မွန်ပြည်နယ်၀န်ကြီးချုပ် ဦးအောင်ကြည်သိန်းကတန်ခူးလဟူသည် နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်သို့ ကူးပြောင်းသောကာလပဲဖြစ်ပြီး မွန်ပြည်နယ်၏ ဒေသခံလူမျိုးများသည်လည်းနှစ်ကုန်၍ နှစ်သစ်ကူးသည့် တန်ခူးလတွင် အလှူဒါနပွဲများ ခြိမ့်ခြိမ့်သဲသဲ ဆင်နွှဲကြခြင်း၊ စတုဒီသာများကျွေးမွေးခြင်း၊ ရဟန်းသံဃာတော်များအား ဆွမ်းဘောဇဉ်များ ကပ်လှူခြင်း၊ ဗုဒ္ဓ ရုပ်ပွားတော်များအား ရေသပ္ပာယ်ခြင်းအပြင် အခြားကုသိုလ်ကောင်းမှုများဆောင်ရွက်ကြခြင်းသည် မြတ်နိုးလေးစား ဖွယ်ကောင်းသော ယဉ်ကျေးမှုအစဉ်အလာများနှင့်အညီ တစ်မျိုးသားလုံး နှစ်စဉ်ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြတဲ့ သင်္ကြန်ပွဲတော်ကထူးခြားသော အမျိုးသားရေးပွဲတော်များအဖြစ် မြန်မာတို့အနေဖြင့် ဂုဏ်ယူကြရဖွယ်ဖြစ်ပါကြောင်း၊ သင်္ကြန်ပွဲတော်တွင် မွန်ပြည်နယ်၏ ဒေသခံလူမျိုးများသည်လည်း နှစ်ဟောင်းကုန်၍ နှစ်သစ်ကူးသည့် တန်ခူးလတွင်သင်္ကြန်ပွဲတော်၊ သဲပုံစေတီပွဲတော်များကျင်းပပြီး နှစ်ဟောင်းမှအညစ်အကြေးများ ကင်းစင်စေရန် ရည်ရွယ်ချက်ဖြင့် တစ်ဦးနှင့်တစ်ဦး ယဉ်ကျေးစွာ ရေစင်သွန်းလောင်းကြကြောင်း၊ မင်္ဂလာရှိသော နှစ်သစ်အချိန်အခါသမယမှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာလန်းဖြာ၍ နှစ်ဟောင်းမှ အညစ်အကြေးများ၊ အခက်အခဲများကို ကျော်လွှားပြီး စိတ်သစ်၊ လူသစ်၊ အားမာန်သစ်များဖြင့် အများအကျိုး၊ ဒေသအကျိုး၊ အမျိုးဘာသာသာသနာအကျိုး၊ နိုင်ငံ့အကျိုးတို့ကို ဆထက်ထမ်းပိုးပိုမိုသယ်ပိုးနိုင်ကြပါစေလို့ မင်္ဂလာတရားများနှင့်ပြည့်စုံကြ ပါစေကြောင်း နှစ်သစ်ကူးဆု တောင်းမေတ္တာပို့သအပ်ပါကြောင်းဖြင့် အမှာစကားပြောကြားပြီး လှပျိုဖြူလေးများ၏ ယိမ်းအကအလှဖျော်ဖြေတင်ဆက်နေမှုများကို ကြည့်ရှုအားပေးကာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက လှပျိူဖြူလေးများနှင့် တက်ရောက်လာကြသော ဧည့်ပရိသတ်များအား အမွှေးနံသာရေများကို သပြေခတ်ဖြင့် ပတ်ဖြန်းခဲ့ကြသည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေဝင်းဝါဖူးသင်္ကြန်မဏ္ဍပ်နှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ် သင်္ကြန်မဏ္ဍပ်အား ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ တိုင်းမှူးနှင့်ပြည်နယ် အစိုးရအဖွဲ့၀င်၀န်ကြီးများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး လှပျိဖြူလေးများ၏ ယိမ်းအကဖျော်ဖြေနေမှုများကိုကြည့်ရှူ၍ အမွှေးနံသာရေးများဖြင့် ပတ်ဖျန်းခဲ့ကြောင်း သိရသည်။

စည်သူ (ပြန်/ဆက်)