ရန်ကုန် ဧပြီ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၌ ၁၃၈၅ ခုနှစ် (ခရစ်နှစ် ၂၀၂၄) ခုနှစ် မြန်မာ့ရိုးရာအစဉ်အလာမပျက် ကျင်းပမြဲဖြစ်သည့် မြန်မာ့ရိုးရာနှစ်သစ် ကူးသင်္ကြန်ပွဲတော်ရေကစား မဏ္ဍပ်ဖွင့်ပွဲကို ယမန်နေ့ညနေ ၄ နာရီ အချိန်က ဗဟန်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးရှေ့၌ ကျင်းပခဲ့သည်။
ဦးစွာဗဟန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုလတ်ကမဟာသင်္ကြန်ပွဲတော် ရေကစားမဏ္ဍပ်ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်ကိုလတ်နှင့် အဖွဲ့ဝင်များက မဟာသင်္ကြန်ပွဲတော်ရေကစားမဏ္ဍပ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ယိမ်းပျိုဖြူများအား အမွှေးနံသာရည်များဖြင့် ပက်ဖြန့်ပေးကာမြူမှောင်ဝေကင်း၊ မန်းတောင်ရိပ်ခိုတေးသီချင်းများဖြင့် သီဆိုဖျော်ဖြေပြီးယိမ်းပျိုဖြူ အဖွဲ့များမှတစ်ပြိုင်နက် ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
အောင်မြင့် (ပြန်/ဆက်)