အမြို့မြို့အနယ်နယ်သတင်းများ

Apr 18,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ မြို့နယ်များတွင် မြန်မာနှစ်ဆန်း(၁)ရက်နေ့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ သက်ကြီးဘိုးဘွားပူဇော်ပွဲများ ကျင်းပခဲ့ကြကြောင်း သိရသည်။
Apr 18,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ အကျဥ်းဦးစီးဌာန၏ အထူးတရားရုံးခန်းတွင် မြန်မာနှစ်ဆန်း ၁ ရက်နေ့ မြန်မာ့နှစ်သစ်မင်္ဂလာအထိမ်းအမှတ်အဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် ၃၀/၂၀၂၄ ဖြင့် ကျင့် ၄၀၁(၁)အရ ဟင်္သာတမြို့ အကျဥ်းထောင်မှ ယမန်နေ့ နေ့လယ် ၁၁ နာရီမှ ၁၂ နာရီအထိ အကျဥ်းသား/အကျဥ်းသူ ကျား(၄၅)ဦး၊ မ(၁၁)ဦး၊ စုစုပေါင်း (၅၆)ဦးကိုလည်းကောင်း၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် ကျား(၄)၊ မ(၂)ဦးကိုလည်းကောင်း၊ တပ်မတော်အက် ကျား (၂)ဦး၊ ရဲစည်းကမ်း ကျား(၁)ဦးနှင့် အခြားမှု  ကျား (၃၈)၊ မ(၉)ဦးတို့ကို လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း သိရသည်။
Apr 18,2024
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်စာရေးဆရာအသင်း တည်ထောင်ခြင်း (၂၅) နှစ်မြောက် ငွေရတုအထိမ်းအမှတ် အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကို ဧပြီလ ၁၇ ရက်နေ့ မွန်းလွဲပိုင်းက အဆိုပါရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Apr 18,2024
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ သက်ကြီးပူဇော်ကန်တော့ပွဲနှင့် ဇီဝိတဒါနငါးလွှတ်ပွဲ ကျင်းပခဲ့သည်။ သက်ကြီးပူဇော်ကန်တော့ပွဲကို ယမန်နေ့ နံနက် (၉) နာရီက ရန်ကြီးအောင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Apr 18,2024
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ယမန်နေ့ညပိုင်းတွင်ပဲခူးမြို့၊ ဆေးရုံဟောင်းလမ်းပေါ်ရှိ နှစ်ဦးတရားအလှူဓမ္မသဘင်မဏ္ဍပ်၌ မြန်မာနှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်ပွဲ ကျင်းပပြုလုပ်သည်။
Apr 18,2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဇမ္ဗူသီရိ ဧပြီ ၁၇ အမိန့်အမှတ် (၃၀/၂၀၂၄) အရ ပြည်ထောင်စုနယ်မြေ ၊ နေပြည်တော်ဇမ္ဗူသီရိမြို့နယ် ဗလသိဒ္ဓိရပ်ကွက်ရှိ နေပြည်တော်အချုပ်ထောင်၊ ဧည့်တွေ့နားနေဆောင်တွင် မြန်မာနှစ်သစ်ကူးအခါသမယအထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့်လူမှု‌ရေးအရငဲ့ညှာ‌ထောက်ထားသောအားဖြင့်လည်းကောင်း ရာဇဝတ်ကျင့်ထုံးဥပ‌ဒပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁) အရ နောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသောပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသောပြစ်ဒဏ်များအ‌ပေါ် လျှော့ပေါ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပြုခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
Apr 18,2024
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်း (၁) ရက် အန္တရာယ်ကင်း ပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီ က ထားဝယ်မြို့၊ သာသနာ့ဗိမာန်တော်ကြီး ၌ကျင်းပသည်။
Apr 18,2024
နေပြည်တော်ကောင်စီ မြန်မာ့နှစ်သစ်ကူး အန္တရာယ်ကင်းပရိတ်တရားတော်နာယူပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ နေပြည်တော် တိုင်းသံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ပျဉ်းမနားမြို့၊ သုခဝိဟာရပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် ဒေါက်တာဘဒ္ဒန္တမုနိကုမာရ မထေရ်မြတ် အမှူးပြုသော ဆရာတော် သံဃာတော်များ ​ကြွရောက် ချီးမြှင့်တော် မှုကြပြီး နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဦးမြင့်စိုး၊ ဦးမင်းဦးနှင့် ဦးဟန်သူ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ တက်ရောက်ကြည်ညိုသည်။