Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မြန်မာ့နှစ်သစ်မင်္ဂလာအခါသမယတွင် ကရင်ပြည်နယ်အတွင်းရှိ အကျဉ်းသား၊ အကျဉ်းသူ (၄၀)ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိ
Apr 18,2024
မြန်မာ့နှစ်သစ်မင်္ဂလာအခါသမယတွင် ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် ထိုက်သင့်သော ပြစ်ဒဏ်များကိုကျခံပြီးသည့်အပြင် စည်းကမ်းကောင်းမွန်စွာနေထိုင်ကြသော အကျဉ်းသား၊ အကျဉ်းသူများအား စည်းကမ်းသတ်မှတ်ချက်များဖြင့် ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့်ပေးခဲ့ရာ အကျဉ်းဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးကွပ်ကဲမှုအောက်ရှိ အကျဉ်းသား၊ အကျဉ်းသူ ၄၀ ဦး ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ရရှိခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်းစိန်မြို့နယ်၊ လောကချမ်းသာ အဘယလာဘမုနိရုပ်ပွားတော်မြတ်ကြီး (ကျောက်တော်ကြီးဘုရား)၌ (၂၃)ကြိမ်မြောက် မျက်နှာသစ်တော်ရေ ကပ်လှူပူဇော်ပွဲအခမ်းအနား ကျင်းပ
Apr 18,2024
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ ကြို့ကုန်းအရှေ့ရပ်ကွက် မင်းဓမ္မကုန်းတော်ပေါ်တွင် တည်ထားကိုးကွယ်တော်မူသော လောကချမ်းသာ အဘယလာဘမုနိရုပ်ပွားတော်မြတ်ကြီး(ကျောက်တော်ကြီးဘုရား) (၂၃)ကြိမ်မြောက် မျက်နှာသစ်တော်ရေ ကပ်လှူပူဇော်ပွဲကို ယမန်နေ့ နံနက် (၆)နာရီအချိန်က အဆိုပါဘုရားရှိ ဂန္ဓကုဋိတိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါနငါးလွှတ်ပွဲနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနား တက်ရောက်
Apr 18,2024
မွန်ပြည်နယ်အတွင်း နှစ်ဟောင်းကုန်၍ နှစ်ကူးပြောင်းသည့် နှစ်သစ်ကိုကူးပြောင်းသော အချိန်အခါသာမယ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် မြန်မာလူမျိုးတို့၏ ဓလေ့ထုံထမ်းအစဉ်အလာအရ သံဃာတော်များကို ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ဇီဝိတဒါနငါးလွှတ်ခြင်း၊ သက်ကြီးပူဇော်ခြင်းတို့ဖြင့် ကုသိုလ်ယူလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ကမ်းနားလမ်း၊ ဆိပ်ကမ်းသာတံတား၌ ကျင်းပပြုလုပ်သည့် ဇီဝိတဒါနငါးလွှတ်ပွဲတွင် ငါးမြစ်ချင်း ငါးသားပေါက်အကောင်ရေ နှစ်သိန်းကျော်အား သံလွင်မြစ်အတွင်းသို့ ဇီဝိတဒါနအဖြစ် ထည့်လွှတ်ကုသိုလ်ယူခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
သာယာဝတီဗဟိုအကျဥ်းထောင်မှ အကျဥ်းသား/အကျဥ်းသူ ၈၈ ဦး လွတ်ငြိမ်းခွင့်ပြု
Apr 18,2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏အမိန့်အမှတ် ၃၀/၂၀၂၄ ဖြင့် သာယာဝတီအကျဥ်းထောင်မှ အကျဥ်းသား ၈၃ ဦး၊ အကျဥ်းသူ ၅ ဦး စုစုပေါင်း ၈၈ ဦးအား ယမန်နေ့မွန်းလွဲ ၁၂ နာရီခွဲခန့်က လွတ်ငြိမ်းခွင့်ပြုပေးကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးအကျဥ်းထောင်မှ အကျဥ်းသား၊ အကျဥ်းသူ (၁၀၀)ဦး လွတ်ငြိမ်းခွင့် ရရှိ
Apr 18,2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်အမှတ် (၃၀/၂၀၂၄)အရ မကွေးအကျဉ်းထောင်မှ အကျဥ်းသား (၇၈)ဦးနှင့် အကျဉ်းသူ (၂၂) ဦး စုစုပေါင်း (၁၀၀)ဦးအား ယမန်နေ့ မွန်းလွဲပိုင်းက ရာဇဝတ်ကျင့်ထုံးပုဒ်မ-၄၀၁၊ ပုဒ်မခွဲ(၁)အရ စည်းကမ်းချက်ဖြင့် ၎င်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များအားလျှော့ပေါ့၍ တာဝန်ရှိသူများက လွတ်ငြိမ်းခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး သက်ကြီးဘိုးဘွားများအား ကန်တော့ပွဲအခမ်းအနားတက်ရောက်
Apr 18,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ မြို့နယ်များမှ အသက် ၈၅ နှစ် နှင့်အထက် သက်ကြီး ဘိုးဘွားများအား ကန်တော့ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီတွင် နေပြည်တော် ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်ဇနီး ဒေါ်သီတာဇင်၊ နေပြည်တော် ကောင်စီဝင်များနှင့်၎င်းတို့၏ဇနီးများ၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီ ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကန်တော့ခံသက်ကြီးဘိုးဘွားများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
မြန်မာနှစ်ဆန်း (၁)ရက်နေ့တွင် ပြည်အကျဥ်းထောင်မှ အကျဥ်းသား/အကျဥ်းသူ ၄၀ ဦး လွတ်ငြိမ်းချမ်းသာခွင့် ရရှိ
Apr 18,2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏အမိန့်အမှတ် ၃၀/၂၀၂၄ ဖြင့် ပြည်မြို့အကျဥ်းထောင်မှ အကျဥ်းသား/အကျဥ်းသူ စုစုပေါင်း ၄၀ ဦးအား ယမန်နေ့ မွန်းလွဲ ၁ နာရီက လွတ်ငြိမ်းခွင့်ပြုပေးကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စဉ့်ကိုင်မြို့နယ် ဘယ်လင်းအကျဉ်းဦးစီးဌာနမှ အကျဉ်းသား (၂၂)ဦး လွတ်ငြိမ်းချမ်းသာခွင့်ရ
Apr 18,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ဘယ်လင်းကျေးရွာအုပ်စုအတွင်းရှိ အကျဉ်းဦးစီးဌာန၊ အမှတ်(၁) ကုန်ထုတ်စခန်းအစည်းအဝေးခန်းမ၌ မြန်မာနှစ်ဆန်း(၁)ရက် ဧပြီ(၁၇) ရက်နေ့ မွန်းလွဲ(၁၂)နာရီခွဲအချိန်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၁၇.၄.၂၀၂၄) ရက်စွဲပါ အမိန့်အမှတ်(၃၀/၂၀၂၄)ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည်
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
4990
Page
4991
Page
4992
Page
4993
Current page
4994
Page
4995
Page
4996
Page
4997
Page
4998
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department