အမြို့မြို့အနယ်နယ်သတင်းများ

Apr 22,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင်  ဒေသနေပြည်သူများအနေဖြင့် အလွယ်တကူဖတ်ရှုနိုင်ပြီး အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ အသိပညာပေးနံရံကပ်စာစောင်များကို လစဉ်ပြသဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်က လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြသခြင်းလုပ်ငန်းကို လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း  သိရသည်။
Apr 22,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာတက်ကြွသောလူကြီးဘဝရရှိစေရေး အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခြင်းကို လစဥ်ဆောင်ရွက်လျက်ရှိရာ နတ်တလင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ယနေ့နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။
Apr 22,2024
ကယားပြည်နယ်အစိုးရအဖွဲ့မှ လွိုင်ကော်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများ ၊ ရပ်ကွက်နေပြည်သူများနှင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ဆန် ၊ ဆီ ၊ ပဲနှင့် ထောက်ပံ့ငွေများ ထောက်ပံ့လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ဒေသကွပ်ကဲရေးမှူး ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ ၊ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့်ပြည်သူများ တက်ရောက်ခဲ့ကြသည်။
Apr 22,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ကျေးလက်ကျန်းမာရေးဌာနသည် မြို့အတွင်းရှိ ဒေသနေပြည်သူများ ကျန်းမာရေးအသိ ပညာဗဟုသုတရရှိစေရန်နှင့်  ကူးစက်ရောဂါတို့မှ ကင်းဝေးစေ ရန်ရည်ရွယ်၍ ကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၉)နာရီအချိန်တွင် ရှမ်းရွာသစ်မြို့ကျေးလက်ကျန်းမာရေးဌာန၌  မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Apr 22,2024
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုအရ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ယနေ့နံနက် ၉ နာရီခွဲအချိန်က အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား လစဉ်ပင်စင်ထုတ်ယူသည့် နေရက်နေ့တိုင်း ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
Apr 22,2024
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် မြန်မာ့စီးပွာရေးဘဏ်၌ ယနေ့ နံနက်ပိုင်းက နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများထုတ်ပေးလျှက်ရှိကြောင်း သိရသည်။
Apr 22,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် ၉ နာရီက စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Apr 22,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ဦးကြီးတော်‌ကျေးရွာတွင် ယမန်နေ့နံနက် ၇ နာရီခွဲ အချိန်က နယူးဧရာစပ်မျိုးစပါး စံကွက်ရိတ်သိမ်းခဲ့ကြောင်း သိရသည်။