တာချီလိတ်မြို့နယ်စာရေးဆရာအသင်း (၂၅)နှစ်မြောက် ငွေရတုအထိမ်းအမှတ်အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

တာချီလိတ် ဧပြီ ၁၈

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်စာရေးဆရာအသင်း တည်ထောင်ခြင်း (၂၅) နှစ်မြောက် ငွေရတုအထိမ်းအမှတ် အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကို ဧပြီလ ၁၇ ရက်နေ့ မွန်းလွဲပိုင်းက အဆိုပါရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ တာချီလိတ်မြို့နယ်စာရေးဆရာအသင်း နာယကကိုသားကြီးက မြို့နယ်အသင်းရှိ နာယက ဆရာကြီးများ၊ ဥက္ကဋ္ဌ၊ အမှုဆောင်၊ အဖွဲ့ဝင်ဆရာများအားနှစ်သစ်ကူး လက်ဆောင်မွန် ပေးအပ်ခြင်းနှင့်အတူ တာချီလိတ်မြို့နယ်စာရေးဆရာအသင်းတည်ထောင်ခြင်း (၂၅) နှစ်မြောက် ငွေရတုအထိမ်းအမှတ် အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းဥက္ကဋ္ဌ ဦးစံသိန်း- မောင်ဖိုးစံ (ဒူးယား-မြစ်ဝကျွန်းပေါ်) က ငွေရတုအခမ်းအနားကျင်းပရာတွင် ဆောင်ရွက်မည့် အစီ အစဉ်များ၊ စာရေးဆရာကြီးများအားဖိတ်ခေါ်၍ စာပေဟောပြောပွဲပြုလုပ်မည့် အစီအစဉ်များ၊ အထိမ်းအမှတ်ရွှေတြိဂံမဂ္ဂဇင်း ထုတ်ဝေမည့် အစီအမံများအား ညှိနှိုင်းဆွေးနွေးခဲ့ပြီး တာချီလိတ် မြို့နယ်စာရေးဆရာအသင်းကို ၁၉၉၉ ခုနှစ်၊ မေလ ၁၇ ရက်နေ့ကစတင်တည်ထောင်ခဲ့ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)