မြန်မာနှစ်ဆန်း (၁) ရက်နေ့တွင် နေပြည်တော်အချုပ်ထောင်မှ အကျဥ်းသား/အကျဥ်းသူများ အားလွတ်ငြိမ်းချမ်းသာခွင့်ပြုအခမ်းအနားကျင်းပ

နေပြည်တော် ဧပြီ ၁၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဇမ္ဗူသီရိ ဧပြီ ၁၇ အမိန့်အမှတ် (၃၀/၂၀၂၄) အရ ပြည်ထောင်စုနယ်မြေ ၊ နေပြည်တော်ဇမ္ဗူသီရိမြို့နယ် ဗလသိဒ္ဓိရပ်ကွက်ရှိ နေပြည်တော်အချုပ်ထောင်၊ ဧည့်တွေ့နားနေဆောင်တွင် မြန်မာနှစ်သစ်ကူးအခါသမယအထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့်လူမှု‌ရေးအရငဲ့ညှာ‌ထောက်ထားသောအားဖြင့်လည်းကောင်း ရာဇဝတ်ကျင့်ထုံးဥပ‌ဒပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ နောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသောပြစ်ဒဏ်များအ‌ပေါ် လျှော့ပေါ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပြုခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဗိုလ်မှူးပြည့်ဖြိုးအောင်၊ ဇဗ္ဗူသီရိမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်မျိုးဇော်လွင်၊ နေပြည်တော်အချုပ်ထောင်တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းဇော်မောင်၊ နေပြည်တော်ဘက်စုံစိုက်ပျိုးမွေးမြူရေးစခန်းတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးချစ်ကို၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ စုံစမ်းရေးမှူးဦးစည်သူလွင်၊ မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးအောင်သူနှင့် နေပြည်တော်အချုပ်ထောင်မှ တာဝန်ရှိသူများ၊ လွတ်ငြိမ်းသက်သာခွင့်ရ နေပြည်တော်အချုပ်ထောင်မှ အကျဥ်းသား (၁၁) ဦး၊ အကျဉ်းသူ (၂)ဦး၊ နေပြည်တော်ဘက်စုံစိုက်ပျိုးမွေးမြူရေးစခန်းမှအကျဉ်းသား (၁၆) ဦး၊ စုစုပေါင်း ၂၉ ဦး လွတ်ငြိမ်းချမ်းသာခွင့်ရရှိ‌ကြောင်း သိရှိရသည်။

နီလာ (ပြန်/ဆက်)