အမြို့မြို့အနယ်နယ်သတင်းများ

Apr 18,2024
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထိုမြို့ဘုရားသုံးဆူတောင်ပေါ်ကြီးကျောင်းတိုက်ရှိ ထိုင်‌တော်မူဂေါတမဗုဒ္ဓမြတ်စွာ ဘုရားကြီးရင်ပြင်‌တော်၌ (၂၂) ကြိမ်မြောက်စာရေးတံမဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို ၁၃၈၆ ခုမြန်မာနှစ်ဆန်းတစ်ရက် ၊ ဧပြီလ ၁၇ ရက်နံနက် ၉နာရီတွင် စည်ကားသိုက်မြိုက်စွာကျင်းပ ပြုလုပ်ခဲ့ သည်။
Apr 18,2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်အမှတ် (၃၀/၂၀၂၄) အရ မွန်ပြည်နယ်၊ သထုံအကျဉ်းထောင်မှ အကျဥ်းသား (၄) ဦးတို့အား ဧပြီလ ၁၇ ရက်၊ နေ့လယ် ၁၂ နာရီခွဲ အချိန်ခန့်က ရာဇဝတ်ကျင့်ထုံးပုဒ်မ-၄၀၁၊ ပုဒ်မခွဲ (၁) အရ စည်းကမ်းချက်ဖြင့် ၎င်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအားလျှော့ပေါ့၍ တာဝန်ရှိသူတို့က လွတ်ငြိမ်းခွင့် ပြုပေးခဲ့ကြောင်း သိရသည်။
Apr 18,2024
၁၃၈၆ ခု၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ကယားပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Apr 18,2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် (၃၀/၂၀၂၄)အရ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်ဗဟိုအကျဉ်းထောင်ရှိ အုပ်ချုပ်ရေးမှူးရုံးတွင် ယမန်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်က ဗဟိုအကျဥ်းထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/သူများအနက် လွတ်မြောက်သည့် အကျဉ်းသား (၄၃)ဦး၊ အကျဉ်းသူ(၅)ဦး၊ ပေါင်း(၄၈)ဦးတို့အား အကျဉ်းထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ပေးအပ်ပွဲအခမ်းအနား ကျင်းပခဲ့သည်။
Apr 18,2024
မန္တလေးတိုင်းဒေသကြီး မြင်းခြံဗဟိုအကျဉ်းထောင်အတွင်းရှိ အကျဉ်းသား၊ အကျဉ်းသူများအနက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့် (၃၀/၂၀၂၄)ဖြင့် လွတ်မြောက်သွားသော အကျဉ်းသား၊ အကျဉ်းသူ (၂၀)ဦးအား လွှတ်ပေးခြင်းအခမ်းအနားကို ယမန်နေ့ မွန်းတည့် (၁၂) နာရီ အချိန်က မြင်းခြံဗဟိုအကျဉ်းထောင်တွင် ကျင်းပခဲ့သည်။
Apr 18,2024
မုံရွာအကျဉ်းထောင်တွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံနေရသူများအနက်မှ မြန်မာနှစ်ဆန်း ၁ ရက်နေ့ ယမန်နေ့တွင် အကျဉ်းသား ၁၈ ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိကြောင်းသိရပြီး အဆိုပါလွတ်ငြိမ်းခွင့်ရရှိကြသူများအား လွှတ်ပေးသည့်အခမ်းအနားကို ယမန်နေ့ နေ့လယ် ၁၂ နာရီ အချိန်က မုံရွာမြို့ အကျဉ်းထောင်ရှိ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Apr 18,2024
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ် ကျေးမှုအမေအနှစ်ဒေသအတွင်း ပုဂံခေတ်က ရေးရယူသုံးစွဲခဲ့ကြသည့် ရှေးဟောင်းရေ ကန်များ ပြန်လည်ရှာဖွေဖော်ထုတ်၍ ကမ္ဘာ့အမွေအနှစ်စံနှုန်းများနှင့်အညီ ပြန်လည်ပြု ပြင်ထိန်းသိမ်းတူးဖော်လျှက်ရှိရာ ဧပြီ ၁၇ရက်၊ နံနက် ၉ နာရီအချိန်က ရွှေဆံတော်ဘုရား ကြီး အရှေ့တောင်ဘက် ရွှေဆံတော်ကန်တော်ထိပ် ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
Apr 18,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်ပိတ်ပွဲအခမ်းအနားကို ယမန်နေ့ညနေ (၆:၀၀) နာရီအချိန်က ဉသျှစ်ပင်မြို့၊ ရတနာပုံရပ်ကွက်၌ ကျင်းပပြုလုပ်ခဲ့ရာ ရေပက်ခံကားများ၊‌ လမ်းလျှောက်ရေပက်ခံထွက်သူများ၊ မြို့ပေါ်ရပ်ကွက်ပြည်သူများ စုစုပေါင်း (၂၅၀၀) ဦးခန့်လာရောက် ပျော်စွာမြူးထူးစွာသင်္ကြန်ရေကစားခဲ့ကြသည်။