ပြည်ထောင်စုနယ်နယ်မြေ၊ နေပြည်တော်အတွင်းရှိ မြို့နယ်များတွင် မြန်မာနှစ်ဆန်း(၁)ရက်နေ့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ သက်ကြီးဘိုးဘွား ပူဇော်ပွဲများကျင်းပ

နေပြည်တော် ဧပြီ ၁၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ မြို့နယ်များတွင် မြန်မာနှစ်ဆန်း(၁)ရက်နေ့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ သက်ကြီးဘိုးဘွားပူဇော်ပွဲများ ကျင်းပခဲ့ကြကြောင်း သိရသည်။

သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲများ တပ်ကုန်းမြို့နယ်တွင် အသက် ၈၀နှစ်နှင့်အထက် အဘိုး၊ အဘွား ၇၃ဦးအား လက်ဆောင်ပစ္စည်းများ၊ ငွေသားများကိုလည်းကောင်း၊ ပုဗ္ဗသီရိမြို့နယ်တွင်  အသက်(၈၅) နှစ်နှင့် အထက် အဘိုးအဘွား (၁၅)ဦးတို့အား တစ်ဦးလျှင် ငွေကျပ် (၁၅၀၀၀/-)၊ အချိုရည်နှင့် မုန့်များကိုလည်းကောင်း၊ ဇမ္ဗူသီရိမြို့နယ်တွင် အသက်(၇၀)နှစ်နှင့်အထက် အဘိုးအဘွား(၆၄)ဦးအား ငွေသား ၂၀၀၀၀/ နှင့် လှူဖွယ်ပစ္စည်းမျိုးစုံ စုစုပေါင်းတန်ဘိုး ၂၂ သိန်းခန့်ကိုလည်းကောင်း ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

အဆိုပါ သက်ကြီးဘိုးဘွားပူဇော်ပွဲများတွင် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ပြန်/ဆက်