မိတ္ထီလာမြို့နယ်၌ ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေနှင့်နိုင်ငံသားကတ်များ ကွင်းဆင်းဆောင်ရွက်ပေး

မိတ္ထီလာ ဧပြီ ၂၇

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း တိကျမှန်ကန်စေရေးအတွက် ပန်းခင်းစီမံချက်(၃)ဖြင့်  အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားကတ်များ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့က ပြည်သာယာမြောက်ရပ်ကွက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ရည်ရွယ်၍ ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားကတ်ဆောင်ရွက်ပေးခြင်းကို မြို့နယ်အတွင်း၌ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်၍  ကွင်းဆင်းဆောင်ရွက်ရေးအဖွဲ့မှ  ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားကတ်ဆောင်ရွက်ပေးခြင်းကို  မြို့နယ်အတွင်းရှိ ရပ်ကွက် ၁၄ ခု၊ ကျေးရွာအုပ်စု ၅၈ အုပ်စုတို့အား ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့အတွင်း အပြီးကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်သည်။ ထိုသို့ ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားကတ်ဆောင်ရွက်ပေးခြင်းကို  သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ရေးအဖွဲ့မှ ရပ်ကွက်ကျေးရွာများသို့ နေ့စဉ်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ပြည်သာယာမြောက်ရပ်ကွက်အား ကွင်းဆင်းဆောင်ရွက်ရာတွင် အသက်(၁၈)နှစ်အထက် နိုင် ၆ (က) တွင် အမျိုးသား ၃ ဦး၊ အမျိုးသမီး ၂ ဦးနှင့် အသက်(၁၈)နှစ်အောက် နိုင် ၃ (က)တွင် အမျိုးသား ၃၆ ဦး၊ အမျိုးသမီး ၃၄ ဦး စုစုပေါင်း ၇၅ ဦးတို့အား ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဌေးဝင်းထံမှ သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)