ကန့်ဘလူ ဧပြီ ၂၇
ခေါင်းဆောင်နှင့်လက်အောက်ငယ်သားတို့အကြား ပေါ်ပေါက်တတ်သည့် အဆင်မပြေမှုများ၊ ခေါင်းဆောင်မှုပုံစံနှင့်အဖွဲ့အစည်း၏ အောင်မြင်မှုတို့ဆက်စပ်နေမှုများကို ပိုမိုသိရှိစေရန်ရည်ရွယ် ကန့်ဘလူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများစုပေါင်း၍ ၂၀၂၁ ခုနှစ်ထုတ် သုတပဒေသာနှင့်လူငယ်ရေးရာစာစောင် အတွဲ(၄၈)၊အမှတ်(၁၂)စာအုပ်မှ အောင်မြတ်စည်သူရေးသားသည့် တစ်ဦးချင်းစွမ်းဆောင်ရည်မှ ထိရောက်သော အဖွဲ့အစည်းသို့ ဆောင်းပါးဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၁၁ နာရီက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါ်နန်းမြင့်က တစ်ဦးချင်းစွမ်းဆောင်ရည်မှ ထိရောက်သောအဖွဲ့အစည်းသို့ ဆောင်းပါးပါ အကြောင်းအရာများကို ဦးဆောင်ဆွေးနွေးပြီး တက်ရောက်လာသည့်ဝန်ထမ်းများက ဆောင်းပါးပါ အကြောင်းအရာများအလိုက် တွေးထင်ယူဆချက်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကန့်ဘလူခရိုင်ရုံးလူထုအခြေပြုဗဟိုဌာနတွင် အသိပညာပေးစာဖတ်ဝိုင်းများအပြင် သက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ပညာရှင်များနှင့်တွေ့ဆုံဆွေးနွေးပွဲ Talk Show များကို စဥ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)