(အိုဝမ်း)စက်သုံးဆီအရောင်းဆိုင်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့်မီးငြှိမ်းသတ်ခြင်း  လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်

ကြံခင်း ဧပြီ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် ပူပြင်းခြောက်သွေ့သော  နွေရာသီရောက်ရှိလာပြီဖြစ်သဖြင့် မီးလောင်မှုမဖြစ်ပွားစေရေးနှင့် မီးဘေးအန္တရာယ်တားဆီးကာကွယ်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက ကြာအင်းကျေးရွာအုပ်စု၊ ရှားဇီးဘိုကျေးရွာ၊ ပုသိမ်-မုံရွာ ကားလမ်းမဘေးရှိ (အိုဝမ်း)စက်သုံးဆီအ‌ရောင်းဆိုင်တွင်  မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ခြင်းလက်တွေ့သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်ကြသည်။

ထိုသို့ အသိပညာပေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိဦး‌ကိုကိုနိုင်က (အိုဝမ်း) ဆီဆိုင်ပိုင်ရှင်နှင့် ဆိုင်ဝန်ထမ်းများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရမည့်အချက်များ၊  မီးသတ်ဆေးဗူးအသုံးပြုမီးငြှိမ်းသတ်ခြင်းများကို အသိပညာပေးရှင်းလင်းဟောပြောခဲ့ကြောင်းနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များကို  ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိဦးကိုကိုနိုင်နှင့်သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက စက်သုံးဆီဆိုင်ဝန်ထမ်းများအား  (အိုဝမ်း)စက်သုံးဆီအရောင်းဆိုင်ရှိ ဆီသိုလှောင်ကန်များ၊ ဆီသယ်ယာဥ်များ  မီးလောင်မှုဖြစ်ပွားပါက  လျင်မြန်စွာမီးငြှိမ်းသတ်နိုင်ရေးနှင့် အနီးပတ်ဝန်းကျင်သို့  မီးမကူးစက်နိုင်ရန်အတွက်  အအေးပေးစနစ်ဖြင့်  အပူရှိန်လျော့ချခြင်း ၊   Foam ဆေးအသုံးပြု၍  လက်တွေ့မီးငြှိမ်းသတ်ခြင်းများကို  သရုပ်ပြဇာတ်တိုက်လေ့ကျင့်ပြသပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)