ကြံခင်း ဧပြီ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် နွေရာသီကာလရေတွင်း၊ ရေကန်များ၌ ရေများခန်းခြောက်လာပြီးဖြစ်သဖြင့် သောက်သုံးရေလိုအပ်သည့် ပေါက်နွယ်စမ်းအုပ်စု၊ အေးမြသာယာကျေးရွာသို့ ယမန်နေ့နံနက်ပိုင်းက ဘက်ရဲမြို့ ဆေးဝါးရာဇာလူမှုကူညီရေးအသင်းက ရေဂါလန်(၁၆၀၀)သွားရောက်လှူဒါန်းပေးကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် ပေါက်နွယ်စမ်းကျေးရွာအုပ်စုရှိ အေးမြသာယာကျေးရွာနေပြည်သူများ သောက်သုံးရေးရှားပါးပြတ်လပ်လျက်ရှိခြင်း၊ ဒေသနေပြည်သူများရေအခက်အခဲဖြစ်ခြင်းကြောင့် ပေါက်နွယ်စမ်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဘက်ရဲမြို့ရှိ ဆေးဝါးရာဇာလူမှုကူညီရေးအသင်းတို့ပူးပေါင်းပြီး အေးမြသာယာကျေးရွာနေပြည်သူများထံသို့ အသင်းပိုင်ရေသယ်ယာဉ်ဖြင့် ရေဂါလံ(၁၆၀၀)အား သွားရောက်လှူဒါန်းကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)