စစ်ကိုင်းမြို့တွင် ခရိုင်/ မြို့နယ်များ၏ ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲ ကျင်းပ

စစ်ကိုင်း ဧပြီ ၂၆

စစ်ကိုင်းခရိုင်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်(ဧပြီလမှမတ်လအထိ)ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်မှုအခြေအနေနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊(ဧပြီလမှ မတ်လအထိ) ဒေသန္တရစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု အခြေအနေများ ရှင်းလင်းခြင်း အခမ်းအနားကို ယမန်နေ့၊ နံနက်(၁၀)နာရီက ခရိုင်စိုက်ပျိုးရေးရုံးရှိ မြတ်ဇေယျာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမျိုးအောင်က စစ်ကိုင်းခရိုင်၏ စုစုပေါင်းထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုတန်ဖိုး GDP ကို ၂၀၂၅-၂၀၂၆ ပုံမှန်ဈေးနှုန်းများအရ(၃.၁)ရာခိုင် နှုန်းတိုးတက်စေရန်၊ လယ်ယာကဏ္ဍကြီး၏ ပါဝင်မှုအချိုးအစားကို(၂၉.၄)ရာခိုင်နှုန်းသို့လည်းကောင်း၊ စက်မှုကဏ္ဍကြီး၏ ပါဝင်မှုအချိုးအစားကို(၃၈.၉)ရာခိုင်နှုန်း သို့လည်းကောင်း၊ ဝန်ဆောင်မှုကဏ္ဍကြီး၏ ပါဝင်မှုအချိုးအစားကို(၃၂.၀)ရာခိုင်နှုန်းသို့လည်းကောင်း အသီးသီးဖြစ်ပေါ်လာစေရန် ရည်မှန်းထားရှိပါကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်(ဧပြီလမှ မတ်လအထိ)ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ အကောင်းအထည်ဖော်နိုင်မှုအခြေအနေများကို အသေးစိတ်ရှင်းလင်းဆွေးနွေးတင်ပြပေးခဲ့သည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်အတွင်းရှိ စစ်ကိုင်း၊ မြင်းမူ၊ မြောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက သက်ဆိုင်ရာဌာနများသို့ ဒေသန္တရစီမံကိန်း တာဝန် များကိုအသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။

ဇော်မြင့်နိုင်