ပြည်မြို့၊ ခေတ္တရာမြို့သစ်ရပ်ကွက်၊ (၆)လမ်းအနီး၊ ဧကရာဇ်လမ်းသွယ်တွင် ဖုန်းအားသွင်းထားရာမှ မီးလောင်ကျွမ်းမှု ဖြစ်ပွား

ပြည် ဧပြီ ၂၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ ခေတ္တရာမြို့သစ်ရပ်ကွက်(၆)လမ်းအနီး၊ ဧကရာဇ်လမ်းသွယ်၌ ယမန်နေ့ည ၈ နာရီ ၅၀ မိနစ်က နေအိမ်တစ်လုံးတွင် ဖုန်းအားသွင်းထားရာမှ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ခေတ္တရာမြို့သစ်ရပ်ကွက်၊ (၆)လမ်းအနီး၊ ဧကရာဇ်လမ်းသွယ်နေ ကိုထူးထူး(ခ)အောင်မျိုးသန့်၏ (၁၆×၂၄) (RC)(၁)ထပ်နေအိမ် အိပ်ခန်းအတွင်းရှိ မီးပလပ်ခုံတွင် ဖုန်းအားသွင်းထားရာမှ စတင်လောင်ကျွမ်း၍ အိပ်ခန်းအတွင်းရှိ ပရိဘောဂပစ္စည်းများအား ကူးစက်လောင်ကျွမ်းခဲ့ရာ မီးလောင်ဆုံးရှုံးမှုတန်ဖိုး(၅၅၀,၀၀ဝိ/-)ခန့်ဖြစ်ကြောင်းနှင့်  လူနှင့်တိရစ္ဆာန်ထိခိုက်မှုမရှိကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှု ဖြစ်ပွားရာနေရာသို့  ပြည်ခရိုင်မီးသတ်ဦးစီးမှူးဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင်(၄၇)ဦး၊ ခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၁)စီး၊ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ အရန်မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ်(၁၂)စီး၊ ရေသယ်ယာဉ်(၂)စီး၊ အရန်တပ်ဖွဲ့ဝင်(၁၀၀)ဦး၊ စုစုပေါင်းသန္ဓေတပ်ဖွဲ့ဝင်(၄၇)ဦး၊ အရန်တပ်ဖွဲ့ဝင်(၁၀၀)ဦး၊ မီးငြှိမ်းသတ်ယာဉ်(၁၆)စီး၊ ရေသယ်ယာဉ်(၃)စီးတို့ဖြင့် ထွက်ခွာ၍ ရေဂါလံ(၈၅၀၀)ခန့်ဖြင့် ငြှိမ်းသတ်ခဲ့ရာ ည ၉ နာရီ ၁၀ မိနစ်အချိန်တွင် မီးငြှိမ်းခဲ့သည်။

မီးလောင်ကျွမ်းမှု ဖြစ်စဥ်နှင့်ပတ်သက်၍ ကိုထူးထူး(ခ)အောင်မျိုးသန့်အား ပြည်မြို့၊ အမှတ်(၃)ရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း ခရိုင်မီးသတ်ဦးစီးဌာနထံမှ သိရသည်။

ခရိုင် (ပြန်/ဆက်)