တမူး ဧပြီ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ဧပြီလ(၂၄)ရက်နေ့မှစ၍ သတင်းရေးသားနည်းသင်တန်းအား ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
သင်တန်းတွင် တမူးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဦးညီညီဇော်က မိမိတို့ဝန်ထမ်းများအနေနှင့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများကို မီဒီယာနည်းလမ်းဖြင့်ပြည်သူများသို့ အသိပေးတင်ပြနိုင်ရေးနှင့် ဝန်ထမ်းများအနေဖြင့် သတင်းများပေးပို့ရာတွင် ဌာန၏ လမ်းညွှန်ချက်များနှင့်အညီ နည်းစနစ်မှန်ကန်စွာဖြင့် ကျွမ်းကျင်မှုရှိပြီး အရည်အသွေးပြည့်မီသော သတင်းများပေးပို့နိုင်ရန်အတွက် သင်တန်းဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး သတင်းစာဆရာကောင်းတစ်ယောက်၏ အရည်အချင်းများ၊ မီဒီယာသမားများ လိုက်နာရမည့်တာဝန်နှင့်ကျင့်ဝတ်များ၊ သတင်းအမျိုးအစားများ၊ ဗွီဒီယိုရိုက်ကူးတည်းဖြတ်နည်းများ၊ သတင်းရေးသားရာတွင်လိုက်နာရမည့်အချက်များကို စာတွေ့လက်တွေ့ သင်ကြားပေးခဲ့သည်။
အဆိုပါသင်တန်းသို့ တမူးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများတက်ရောက်ခဲ့ပြီး ဧပြီလ(၂၄)ရက်နေ့မှ (၂၆)ရက်နေ့အထိ(၃)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ရတနာ