ပေါက်ခေါင်း ဧပြီ ၂၇
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ဧပြီ ၂၅ ရက်နေ့ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့်ပျက်စီးခဲ့သည့် ကျေးရွာအုပ်စု(၉)အုပ်စုမှ အမိုးလန်ဘုန်းတော်ကြီးကျောင်း ၂ ကျောင်း၊ အမိုးလန်နေအိမ် ၂၄၄ လုံးနှင့်ပြိုလဲနေအိမ် ၁၃ လုံးအတွက် ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေ၊ ဆန်ရိက္ခာဖိုးနှင့်ကယ်ဆယ်ရေးပစ္စည်းများပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါထောက်ပံ့ငွေပေးအပ်ပွဲတွင် ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဒေါ်တင်တင်ချိုက ထောက်ပံ့ငွေများပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက်လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးသည့် ဘုန်းတော်ကြီးကျောင်း(၂)ကျောင်းနှင့် လူနေအိမ်(၂၄၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ၁၂,၂၀၀,၀၀ဝိ/၊ ပြိုလဲနေအိမ်(၁၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ၁,၃၀၀,၀၀ဝိ/-နှင့် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးပါပုံး ၁၃ ပုံးနှင့် လေဘေးသင့်လူဦးရေ (၈၁၈)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ ၁,၇၁၇,၈၀၀/-၊ စုစုပေါင်းထောက်ပံ့ငွေ ၁၅,၂၁၇,၈၀၀/- တို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌဦးဖြိုးသူမောင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဗိုလ်မှူးယုနောင်နှင့် ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးတို့က လေဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)