ဆိပ်ဖြူမြို့နယ်တွင် လူငယ်အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်နှင့်နံရံကပ်ပြပွဲဆောင်ရွက်

ဆိပ်ဖြူ ဧပြီ ၂၇

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် လူငယ်အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်နှင့်နံရံကပ်ပြပွဲကို ဧပြီလ ၂၆ ရက်နေ့ နံနက် ၉ နာရီက ဆိပ်ဖြူ (အ.ထ.က)ကျောင်း၌ပြုလုပ်သည်။

လူငယ်အသိပညာပေးဟောပြောပွဲကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးမှူးရုံးတို့ပူးပေါင်း၍ကျောင်းအခြေပြုကင်းထောက်နှင့် ရှေးဦးပြုစုခြင်းသင်တန်းတက်ရောက်နေသည့် ကျောင်းသားကျောင်းသူများ အသိပညာတိုးပွားစေရန်ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်နန္ဒာလှိုင်က လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်၊ အပူဒဏ်ကာကွယ်ရေးအသိပညာများဟောပြောဆောင်ရွက်ပေးသည်။ ထို့နောက် ကင်းထောက်နှင့် ရှေးဦးပြုစုခြင်းသင်တန်းတက်ရောက်နေသည့် ကျောင်းသားကျောင်းသူများက စာဖတ်ရှိန်မြင့်မား တိုးတက်စေရေးအတွက် စာအုပ်စာစောင်များကို ဖတ်ရှုခြင်း၊ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး နံရံကပ် ပိုစတာများကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ကိုဇွဲ(အညာမြေ)