မိုင်းခတ် ဧပြီ ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့၌ ဧပြီလ(၂၄)ရက်နေ့ညနေပိုင်းက မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်မီးလောင်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မီးဘေးသင့်အိမ်ထောင်စုများအား ယမန်နေ့ ညနေ(၃)နာရီအချိန်က ကျိုင်းတုံခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ကယ်ဆယ်ရေးပစ္စည်း(၂၅)မျိုး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်မှုကြောင့် နောင်ဖူကျေးရွာမှအိမ်ထောင်စု(၅)စု၊ လူဦးရေ(၂၆)ဦးတို့အတွက် အဝတ်အထည်များ၊ အိမ်သုံးပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများ အပါအဝင်ကယ်ဆယ်ရေးပစ္စည်း(၂၅)မျိုးအား ကျိုင်းတုံခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှပေးပို့ရာ မိုင်းခတ်မြို့နယ်အထွေအထွေအုပ်ချုပ်ရေးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုင်းဆိုင်လွန်နှင့်ဝန်ထမ်းများက လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)