ကျိုက်လတ် ဧပြီ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မြို့နယ်တရားမဝင်စက်သုံးဆီ အရောင်းဆိုင်များ တားဆီးစစ်ဆေးရေးအဖွဲ့က ယမန်နေ့နံနက်ပိုင်းတွင် မြို့ပေါ်ရပ်ကွက်များရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်တရားမဝင်စက်သုံးဆီ အရောင်းဆိုင်များ တားဆီးစစ်ဆေးရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင် ဦးဆောင်၍ မြို့နယ်စားသုံးသူရေးရာဉီးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမိုးမင်းသန်း၊ မြို့နယ် မီးသတ်ဉီးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဉီးစီးဌာနနှင့် သက်ဆိုင်ရာဌာနများကစစ်ဆေးရာတွင် စက်သုံးဆီများရောင်းချမှု ရပ်တန့်မှုမရှိစေရေး၊ မှောင်ခိုဈေးကွက်မဖြစ်ပေါ်စေရေး၊ သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချစေရေး၊ ဈေးနှုန်းများမြှင့်တင်ရောင်းချပါက အပြစ်ပေးအရေးယူမှုများ ဆောင်ရွက်နိုင်ရေး၊ စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များအား ဆွေးနွေးမှာကြားခြင်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှိုင်မင်းအောင်