ငွေဆောင် ဧပြီ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ ဧကာဒသမတန်း၊ လူရည်ချွန်စခန်း (ငွေဆောင်) သို့ ရောက်ရှိနေကြသော လူရည်ချွန်မောင်မယ်လေးများ၏ အနုပညာစွမ်းရည် ပြသနိုင်စေရန်နှင့် စိတ်အပန်းပြေစေရန်အတွက် လူရည်ချွန်မောင်မယ်များ ကိုယ်တိုင်ပါဝင်ဆင်နွှဲကြသော ညပိုင်းဖျော်ဖြေရေး အစီအစဥ်အား ယမန်နေ့ ည (၇) နာရီအချိန်က ယမုံနာဦး ဟိုတယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ငွေဆောင်မြို့၊ အမှတ်(၂၀၁) အခြေခံပညာမူလတန်းကျောင်း၊ အ.မ.က (ငွေဆောင်) ကျောင်းသား/သူလေးများမှ မမပုသိမ်သူသီချင်းဖြင့် ကပြဖျော်ဖြေကာ ဖျော်ဖြေရေး အစီအစဥ်အား စတင်ဖွင့်လှစ်ခဲ့ကြသည်။ ထို့နောက် အ.ထ.က (ငွေဆောင်)မှ မင်္ဂလာပါသီချင်း၊ အ.ထ.က(ခွဲ)ရှောက်ချောင်းမှ ဖောင်သု ကြိုင် (ကရင်ရိုးရာသီချင်း) နှင့် အ.မ.က(ငွေဆောင်)မှ သဘင်သည်မလေးမနှင်းဆီ သီချင်းတို့အား တေးသရုပ်ဖော်အကအလှများဖြင့် ဖျော်ဖြေခဲ့ကြရာ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်နှင့် တာဝန်ရှိသူများမှ ဆုတော်ငွေများ အသီးသီး ချီးမြှင့်ပေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် ၂၀၂၄ ခုနှစ်၊ ဧကာဒသမတန်း လူရည်ချွန်မောင်မယ်လေးများမှ အဆို၊ အကများဖြင့် အား ပါးတရ ဖျော်ဖြေခဲ့ကြကာ အ.ထ.က (ငွေဆောင်)၊ အ.ထ.က (ခွဲ) ရှောက်ချောင်းနှင့် အ.ထ.က (ခွဲ) သဇင်တို့မှ တေးသရုပ်ဖော်အကအလှများ၊ တိုင်းရင်းသား အကများဖြင့် ဆက်လက် ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။ ထို့အပြင် ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် (တောင်ပိုင်း)တို့မှ လူရည်ချွန်မောင်မယ်လေးများမှ အဆိုအကများဖြင့် အားပါး တရဖျော်ဖြေခဲ့ကြကာ နေပြည်တော်မှ လူရည်ချွန်မောင်မယ်လေးများက မင်္ဂလာပါသီချင်း အား သီဆိုကာ ညပိုင်းဖျော်ဖြေရေးအစီအစဥ် အောင်မြင်စွာ ပိတ်သိမ်းခဲ့ကြောင်း သတင်းရရှိ သည်။
တိုင်းဒေသကြီး(ပြန်/ဆက်)