Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကန့်ဘလူမြို့နယ်၌ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲကျင်းပ
Apr 29,2024
၂၀၂၄ ခုနှစ် ဇွန် ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အကြိုအထိမ်းအမှတ်အဖြစ် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းဆင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲကို စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ယနေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်ကျွန်းမြို့နယ်တွင် မီးပေါ့ဆမှုကြောင့် နေအိမ် (၁၂)လုံး မီးလောင်မှုဖြစ်ပွား
Apr 29,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ အမှတ် (၁၃) ရပ်ကွက်၊ မာဃဗိုလ်ရွဲလမ်းတွင် ယမန်နေ့ နေ့လယ် (၂) နာရီ (၂၅)မိနစ်ခန့်က နေအိမ်များ၏ အနောက်ဘက် တွင် ဝါးရွက်များ၊ အမှိုက်များစုပုံထားရှိသည့်နေရာသို့ လမ်းသွားလမ်းလာတစ်ဦးမှ မီးပါသော ဆေးလိပ်တိုအား စည်းကမ်းမဲ့စွန့်ပစ်ရာမှတစ်ဆင့် နေအိမ်များ မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖြူးမြို့နယ်၊ ရွှေကျင်တောင် ပရိယတ္တိစာသင်တိုက်၊ နာယကဆရာတော် ဘဒ္ဒန္တစိန္တိတာဘိဝံသ၏ အဂ္ဂမဟာပဏ္ဍိ တဘွဲ့တံဆိပ်တော်ရ ဂုဏဝိသိဋ္ဌပူဇာမင်္ဂလာအခမ်းအနားကျင်းပ
Apr 29,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ သီရိမင်္ဂလာ ရွှေကျင်တောင် ပရိယတ္တိစာသင်တိုက် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ မဟာဂန္ထဝါစကပဏ္ဍိတ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ ရွှေကျင်နိကာယ ဂိုဏ်းလုံးဝန်ဆောင်နာယက၊ သိရီပဝရစေတိယင်္ဂဏ၊ ပရိယတ္တိသာသနဟိတဓရ ဂုဏဝိသိဋ္ဌနာယက ဆရာတော် ဘဒ္ဒန္တစိန္တိတာဘိဝံသ၏ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ အထိမ်းအမှတ် ဂုဏဝိသိဋ္ဌပူဇာမင်္ဂလာအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ရွှေကျင်တောင် ပရိယတ္တိစာသင်တိုက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေတာရှည်မြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လိုက်လံနှိုးဆော်ခြင်းများ ဆောင်ရွက်
Apr 29,2024
မီးလောင်ဆုံးရှုံးမှုမဖြစ်ပွားစေရန်နှင့် ပြည်သူများ အသက်အိုးအိမ်များ မဆုံးရှုံးစေရေးအတွက် မီးကို စနစ်တကျသုံးစွဲတတ်စေရန် အသိပညာပေးကြေညာခြင်းကို ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ် မီးသတ်ဦးစီးဌာနမှ ယနေ့နံနက် ၈ နာရီအချိန်က ရေတာရှည်မြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များ၊ လူစည်ကားရာနေရာများနှင့် ရန်ကုန် - မန္တလေးပုံမှန်လမ်းတစ်လျှောက် လိုက်လံကြေညာလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မုဒုံမြို့နယ်၏ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်
Apr 29,2024
မွန်ပြည်နယ် မုဒုံမြို့နယ်၏ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ဓနုဖြူမြို့နယ်တွင် ပညာရေးဌာနနှင့် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းတို့မှ ဦးစီးသော နွေရာသီမူလတန်းအဆင့် ယဥ်ကျေးလိမ္မာသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
Apr 29,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ပညာရေးဌာနနှင့် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းတို့မှ ဦးစီးသော နွေရာသီမူလတန်းအဆင့် ယဥ်ကျေးလိမ္မာသင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က ရေတွင်းကုန်းကျေးရွာအုပ်စုရှိ အ.မ.က (ရေတွင်းကုန်း)ကျောင်း၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး မြစ်ကြီးနားမြို့ ယဉ်ကျေးမှုပြတိုက် တိုးချဲ့တည်ဆောက်ခြင်း လုပ်ငန်းအား လှည့်လည်ကြည့်ရှုစစ်ဆေး
Apr 29,2024
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်း၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ ဧပြီလ ၂၈ ရက် နံနက် ၈နာရီက မြစ်ကြီးနားမြို့ရှိ ယဉ်ကျေးမှုပြတိုက် တိုးချဲ့တည်ဆောက်ခြင်း လုပ်ငန်းများအား လှည့်လည်ကြည့်ရှု့စစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လှည်းကူးမြို့နယ်၌ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် စီမံကိန်းရည်မှန်းချက်တာဝန်များပေးအပ်
Apr 29,2024
၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် (ဧပြီလမှမတ်လ) အထိ ဒေသန္တရစီမံကိန်းရည်မှန်းချက်များနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ က ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
4946
Page
4947
Page
4948
Page
4949
Current page
4950
Page
4951
Page
4952
Page
4953
Page
4954
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department