မြောင်းမြမြို့တွင် မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးနေအိမ် (၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်

မြောင်းမြ ဧပြီ ၂၉

ဧရာဝတီတိုင်းဒသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ မြဟေမာရပ်ကွက်၊ ကွမ်းခြံ (၂) လမ်း၌ (၂၆.၄.၂၀၂၄) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှုကြောင့် လူနေအိမ်နှစ်လုံး ပျက်စီးသွားခဲ့ပြီး မီးဘေးသင့်အိမ်ထောင်စုများအား မြောင်းမြခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက ဧပြီလ ၂၇ ရက်နေ့ ညနေ (၅) အချိန်က ကယ်ဆယ်ရေးပစ္စည်းများနှင့် ရန်ပုံငွေများ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လုံးဝပျက်စီးနေအိမ် (၂) လုံးအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြ ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးပါ (၂) ပုံး (၉၂,၀၇၂/-)၊ အိမ်ဆောက်ပစ္စည်းရန်ပုံငွေ ကျပ် (၁၂၀,၀၀၀ိ/-)၊ လူဦးရေ (၉) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ ကျပ် (၁၈,၉၀၀ိ/-) စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ ကျပ် (၂၃၀,၉၇၂/-) အား မီးဘေးသင့်ပြည်သူများ လက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ဇေယျာ (ပြန်/ဆက်)