ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် သောက်သုံးရေ လိုအပ်မှုမရှိစေရေး သောက်သုံးရေများ လှူဒါန်းပေး

ဒဂုံတောင် ဧပြီ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၌  ပူပြင်းခြောက်သွေ့သော နွေရာသီကာလတွင် သောက်သုံးရေများ လိုအပ်မှုမရှိစေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ  ယမန်နေ့နံနက် (၉) နာရီက  အမှတ် (၁၇) ရပ်ကွက်သို့ ရေဂါလံ(၅၀၀၀) သွားရောက်လှူဒါန်း‌ပေးကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။

 ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် မြို့နယ်မီးသတ်ဦးစီးဌာနသည် မြို့နယ်နေပြည်သူများ ပူပြင်းသော နွေရာသီကာလတွင် သောက်သုံးရေများ လိုအပ်မှုမရှိစေရေး သောက်သုံးရေများ လှူဒါန်းပေးလျက်ရှိရာ အမှတ်(၁၇)ရပ်ကွက် စံပယ်မြိုင်လမ်းနှင့် စံပယ်မြိုင်လမ်းသွယ်နေ လူနေအိမ်(၁၀၀)ရှိ အိမ်ထောင်စုများအား သောက်သုံးရေ အခက်အခဲမရှိစေရေး သောက်သုံးရေ ဂါလံ(၅၀၀၀)ကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးမြင့်သူဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက ရေသယ်ယာဉ်ဖြင့် သယ်ဆောင်လှူဒါန်းပေးကြောင်း သိရသည်။    

သောက်သုံးရေလှူဒါန်းမှုနှင့်ပတ်သက်ပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးမြင့်သူက “ခုလိုအပူချိန်ပြင်းတဲ့အချိန်မှာ ရေရှိမှအဆင်ပြေမှာ ဖြစ်တဲ့အတွက် မြို့နယ်နေပြည်သူများ ရေအခက်အခဲမရှိစေရေးအတွက် လိုက်လံလှူဒါန်ပေးတာပါ လိုအပ်ရင်ဖုန်းသာဆက်လိုက်ပါ လှူဒါန်း‌ပေးပါတယ် ” ဟု ပြောကြားကြောင်း သတင်းရရှိသည်။

သန်းသန်းအေး(ပြန်/ဆက်)