ရွှေတောင် ဧပြီ ၂၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူလေးများ ယဥ်ကျေးလိမ္မာစေရန်နှင့် အင်္ဂလိပ်စာစွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ယဥ်ကျေးလိမ္မာသင်တန်းနှင့် အင်္ဂလိပ်စာစွမ်းရည်သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းများဖွင့်လှစ်ရာတွင် ယဥ်ကျေးလိမ္မာသင်တန်းကို အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများအားလုံးတွင် ( ၁၉ - ၄- ၂၀၂၄) ရက်နေ့မှ ( ၂၈ - ၄- ၂၀၂၄) ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ (၁၃၄၆) ဦး တက်ရောက်၍ အင်္ဂလိပ်စာစွမ်းရည်သင်တန်းကို အ.ထ.က ရွှေတောင်၊ အ.ထ.က ကြာနီကန်၊ အ.ထ.က (ခွဲ) သရက်တော ကျောင်းတို့တွင် (၁၉ - ၄- ၂၀၂၄) ရက်နေ့မှ (၂၈ - ၄- ၂၀၂၄) ရက်နေ့အထိ ဖွင့်လှစ်ခဲ့ရာ သင်တန်းသား၊ သင်တန်းသူ (၁၂၇) ဦး တက်ရောက်သင်ကြားလျှက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)