မအူပင်မြို့၌ နွေရာသီဘောလုံးအားကစားသင်တန်းဆက်လက်သင်ကြားပို့ချ

မအူပင် မေ ၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် နွေရာသီဘောလုံး အားကစားသင်တန်းအား မအူပင်ခရိုင်ပြည်သူ့အားကစားကွင်းကြီး၌ ယမန်နေ့နံနက် (၉) နာရီမှ စတင်၍ ဆက်လက်သင်ကြားပို့ချလက်ရှိသည်။

အဆိုပါ ဘောလုံးအားကစားသင်တန်းအား နွေရာသီကျောင်းပိတ်ရက်တွင် လူငယ်လူရွယ်များ အချိန်ကိုအကျိုးရှိစွာအသုံးချတက်စေရန်နှင့် ပညာရေးဘက်တွင်သာမက အားကစားဘက်တွင်လည်း ထူးချွန်သည့်လူငယ်များပေါ်ထွက်လာစေရန်ရည်ရွယ်၍ မအူပင်မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဇင်မာခိုင်ကြီးကြပ်မှုဖြင့် သင်တန်းနည်းပြဦးကျော်ရဲနိုင်မှ သင်တန်းသား/သင်တန်းသူ (၁၅) ဦးအား ဘောလုံးနည်းစနစ်ပိုင်းနှင့် လက်တွေ့ပိုင်းများအား ဆက်လက်သင်ကြား ပို့ချပေးလျက်ရှိပြီး သင်တန်းကာလမှာ ဧပြီလ (၂၇) ရက်နေ့မှ မေလ (၂၁) ရက်နေ့ထိ ဖြစ်ကြောင်းသိရသည်။

အောင်မြင့်မြတ် (ပြန်/ဆက်)