ကန့်ဘလူ၌ ကွန်ပျူတာအခြေခံသင်တန်း၊ အင်္ဂလိပ်စာ Grammar နှင့်သိုးမွှေးချည်ထိုးနည်း သင်တန်း များဖွင့်ပွဲကျင်းပ

ကန့်ဘလူ မေ ၇

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် လူငယ်လူရွယ်များနှင့်ဒေသတွင်း ပြည်သူများလူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ကွန်ပျူတာပညာရပ်များကို စနစ်တကျကျွမ်းကျင်တတ်မြောက်စေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်နှင့်ကျောင်းသားကျောင်းသူများအား ကျောင်းစာတွင်လည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်ရည်ရွယ်၍ ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဥ် (၃/၂၀၂၄)၊ အင်္ဂလိပ်စာ Grammar နှင့်သိုးမွှေးချည်ထိုးနည်း သင်တန်းများ ဖွင့်ပွဲကို မေ ၆ ရက်နံနက် ၉ နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟို ၌ ကျင်းပသည်။

 သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းလင်းအောင်က သင်တန်းဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့်သင်တန်းဖွင့်လှစ်မည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် သင်တန်းနည်းပြဆရာများက သင်တန်းတွင် သင်ကြားပေးမည့်ဘာသာရပ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 အဆိုပါသင်တန်းများတွင် ကွန်ပျူတာအခြေခံသင်တန်း၌ သင်တန်းသား ၁၀ ဦးတက်ရောက်၍ သင်တန်းကာလမှ မေ ၂ ရက်မှ ၃၁ ရက်ထိနေ့စဥ်မွန်းလွဲ ၁၂ နာရီ ၃၀ မှ ၁၄ နာရီ ၃၀ ထိလည်းကောင်း၊ အခြေခံအင်္ဂလိပ်စာ Grammar သင်တန်းတွင် သင်တန်းသား ၃၀ ဦးတက်ရောက်၍ သင်တန်း ကာလ မေ ၆ ရက်မှ ဇွန် ၅ ရက်နေ့ထိ နေ့စဥ်နံနက် ၉ နာရီခွဲမှ ၁၁ နာရီထိလည်းကောင်း၊ သိုးမွှေးချည်ထိုး နည်းသင်တန်းတွင် သင်တန်းသား ၃၀ ဦးတက်ရောက်ကာ သင်တန်းကာလ မေ ၆ ရက်မှ ၂၀ ရက်ထိ နေ့စဥ်နံနက် ၁၁ နာရီမှ မွန်းလွဲ ၁၂ နာရီ ၃၀ ထိလည်းကောင်း စာတွေလက်တွေ့သင်ကြားပိုချပေးသွား မည်ဖြစ်ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)