ဟင်္သာတမြို့နယ်ရှိ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုသင်တန်းကျောင်း၌ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုသင်တန်း (၁/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ဟင်္သာတ မေ ၇

ဧရာဝတီတိုင်းဒေသကြီး၊ဟင်္သာတခရိုင်၊ဟင်္သာတမြို့နယ်ရှိ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုသင်တန်းကျောင်း၌ ယမန်နေ့နံနက် ၉ နာရီအချိန်က ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု သင်တန်း (၁/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဟင်္သာတခရိုင် ခေတ္တခရိုင်အုပ်ချုပ်ရေးမှူးဦးသူရိန်က သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် တက်ရောက်လာကြသူများ သင်တန်းသား၊ သင်တန်းသူများနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ ဟင်္သာတခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးသူရိန်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးညွန့်ဆန်းထွန်း၊ သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးနေမျိုးထွန်းနှင့် တာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းသား/သူများ၊ စုစုပေါင်း (၇၅) ဦးခန့်တက်ရောက်ခဲ့ပြီး သင်တန်းသို့တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ကျား (၁၇) ဦး၊ မ (၄၃) ဦး၊ စုစုပေါင်း (၆၀) ဦး တက်ရောက်ခဲ့ကြကာ မေလ ၆ ရက်မှ ၁၇ ရက်အထိ (၁၂) ရက်ကြာ ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်ဆက် (ဟင်္သာတ)