သနပ်ပင် မေ ၇
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် အ.ထ.က(သနပ်ပင်)ကျောင်း၌ ၂၀၂၄ ခုနှစ်၊ နွေရာသီအင်္ဂလိပ်စာသင်တန်း ဖွင့်လှစ်သင်ကြားနေမှုအား ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းမြင့်သီတာနှင့်အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြပြီး သင်ကြားရေးဆရာမများနှင့် ကျောင်းသား/သူများအတွက် ထောက်ပံ့ငွေနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ပဲခူးတိုင်းဒေသကြီး ကျေးလက်ဒေသအမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး စီမံချက်ကျေးရွာဖြစ်သော ခရမ်းကျေးရွာသို့သွားရောက်ပြီး အမျိုးသမီးရေးရာဆယ်အိမ်စုမှူးများနှင့်တွေ့ဆုံ၍ အမျိုးသမီးဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ ညှိနှိုင်းဆွေးနွေးဆောင်ရွက်ခဲ့ပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ညိုပြာ(ပြန်/ဆက်)