ပေါင်းတည် မေ ၇
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယနေ့နံနက် ရုံးဖွင့်ချိန်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးဌာနမှူးရုံးတွင် အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဖြင့် မြို့နယ်အတွင်းနေထိုင်သူများမှ အသက် ၁၀ နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားရှိသူများကို အီလက်ထရောစနစ်ဖြင့် ကိုယ်ရေးအချက်အလက်များ၊ ဇီဝအချက်အလက်များတို့ကို ဆက်လက်ကောက်ယူမှတ်ပုံတင်၍ UID (Unique Identity Number) စာရွက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပေါင်းတည်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနဦးစီးမှူးရုံးမှ ပြည်သူများ၏အလုပ်အကိုင်နှင့်သွားရေး၊ လာရေးလွယ်ကူအဆင်ပြေချောမွေ့စေရေးအတွက် အဆိုပါ UID စာရွက်ထုတ်ပေးရာတွင် နေ့စဉ်လာရောက်လျှောက်ထားသူတစ်ရာကျော်ရှိနေပြီး တိုကင်စနစ်ဖြင့် နေ့အလိုက်ရက်သတ်မှတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အလားတူဌာနဆိုင်ရာ ဝန်ထမ်းများအနေဖြင့် UID ဆောင်ရွက်လိုသူများအတွက် နိုင်ငံသားစိစစ်ရေးကတ်မူရင်း၊ မိတ္တူတို့နှင့်အတူ သတ်မှတ်ပုံစံဖြည့်စွက်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သူရကြီး ( ပြန်/ဆက်)