ဝေါ မေ ၇
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ မူးယစ်ဆေးဝါးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီက မြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူးဦးစိုးမိုးအောင်က မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုးများ စိတ်ပိုင်းဆိုင်ရာထိခိုက်မှု၊ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုနှင့် လူမှုရေးဆိုင်ရာထိခိုက်မှုတို့အား အသိပညာပေးဆွေးနွေးဟောပြောပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ အဖွဲ့ဝင်ဒေါ်ဝါဝါနိုင်ဦးက တန်ဖိုးရှိလှလူငယ်တို့ဘဝ မူးယစ်ကင်းစင်ကျန်းမာမှခေါင်းစဥ်ဖြင့် အသိပညာပေးဆွေးနွေးဟောပြောခဲ့သည်။
အဆိုပါ မူးယစ်ဆေးဝါးအသိပညာပေး ဆွေးနွေးဟောပြောပွဲသို့ အမျိုးသမီရေးရာအဖွဲဝင်များ၊ မြို့ပေါ်(၆)ရပ်ကွက်ရှိလူငယ်လူရွယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)