ပုသိမ် မေ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ စာရေးများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လည်ပိုင်းက မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးခန်းမ၌ ကျင်းပခဲ့သည်။
လုပ်ငန်းညှိနှိုင်းအစည်းဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက ကဆုန်ညောင်ရေသွန်းပွဲကိစ္စ၊ ကဆုန်လပြည့်ဆွမ်းဆန်စိမ်းလောင်းလှူရေးကိစ္စ၊ ကျောင်းအပ်နှံရေးနေ့အမီ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာရေး ဆောင်ရွက်ရန်ကိစ္စ၊ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာကိစ္စရပ်များ၊ တရားမဝင်ကုန်စည် စီးဆင်းမှုကိစ္စရပ်များ၊ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေးကိစ္စရပ်များ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကိစ္စရပ်များ၊ ရေတော် မိုးတော် လယ်မြေများအတွင်း ပိုက်ဆံလျှော်ထည့်သွင်းရေးကိစ္စရပ်များ၊ ကျောင်းနေအရွယ် ကလေးတိုင်းကျောင်းအပ်နှံရေးကိစ္စရပ်များကို လည်းကောင်း၊ အဖွဲ့ဝင်(၃)ဦးကျော်ထွန်းက နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနေမှုကိစ္စရပ်များနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ဌာနဆိုင်ရာများ၏ တင်ပြချက်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ခရိုင် ပြန်/ဆက်