သီပေါမြို့ သီတဂူစက္ခုဒါန ဆေးရုံတော်ကြီးတွင် အသုံးပြုရန် မော်တော်ယာဉ်တစ်စီးလှူဒါန်း

သီပေါ မေ ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ်၊ မဟာမြတ်မုနိဘုရားကြီး၊ သီတဂူစက္ခုဒါန ဆေးရုံတော်ကြီးတွင် ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိ သီတဂူ ဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ ဦးဆောင်ဦးရွက်မှုနှင့် သီပေါမြို့ မဟာမြတ်မုနိဘုရားကြီး အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တပညာသီရိ၏ ကြီးကြပ်မှုဖြင့် ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင် စသည့်မြို့ကြီးများမှ မျက်စိအထူးကု ဆရာဝန်ကြီးများက အခမဲ့ မျက်စိစမ်းသပ်ခွဲစိတ် ကုသပေးခဲ့ရာ (၅၃) ကြိမ်ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ စက္ခုဒါနဆေးရုံကြီးတွင် အသုံးပြုနိုင်ရန်အတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း) ဟိုပန်မြို့နေ ဦးမြင့်မော်နှင့် ဒေါ်အက်တွဲမိသားစုတို့မှ ယမန်နေ့နံနက်ပိုင်းက  HIJET မော်တော်ယာဉ်ငယ်တစ်စီး လာရောက် လှူဒါန်းပေးခဲ့ရာ မဟာမြတ်မုနိအကျိုးတော်ဆောင်ဆရာတော်မှ လက်ခံရယူခဲ့ကာ အလှူရှင်များက လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း မဟာမြတ်မုနိဘုရားကြီး အကျိုးတော်ဆောင် ဆရာတော်ထံမှ သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)