နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ နဒီလမ်းနှင့် ကံ့ကော်လမ်းဘေးအုတ်ရေမြောင်း ပြုလုပ်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှု

နတ်မောက် မေ ၁၇

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် လမ်း၊ တံတား၊ ရေမြောင်းလုပ်ငန်းများဖြစ်သည့် နဒီလမ်းနှင့် ကံ့ကော်လမ်းဘေးရှိ အုတ်ရေမြောင်းများ ပြုလုပ်ဆောင်ရွက်နိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။ 

ထို့သို့ ကွင်းဆင်းကြည့်ရှုရာသို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် စည်ပင်သာယာရေးကော်မတီဝင်များ၊ တာဝန်ခံအင်ဂျင်နီယာတို့က အဆိုပါလမ်းများတွင် မိုးတွင်းကာလ ရေစီးရေလာကောင်းမွန်ရေးနှင့် လမ်းများပေါ်တွင် ရေအိုင်များ၊ ရွံ့ဗွက်အိုက်များ မဖြစ်ပေါ်စေရေး လမ်းဘေးဝဲယာ အုတ်ရေမြောင်းတူးဖော်နိုင်ရေးအတွက် မြေတိုင်းတာခြင်းလုပ်ငန်းများဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုခဲ့ရာ အမှုဆောင်အရာရှိက အဖွဲ့ဝန်ထမ်းများအား သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများဖြင့် ပေါင်းစပ်ဆောင်ရွက်လုပ်ကိုင်ရန် မှာကြားခဲ့ကြောင်း သိရသည်။

လှဝင်း