မန္တလေး မေ ၁၇
၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ မန္တလေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးအဆင့်ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူပွဲအခမ်းအနားကို မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ၆၆လမ်း၊ ၂၆လမ်း၊ ကျုံးထောင့်တွင် ယနေ့နံနက်၆နာရီခွဲက ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းစိုး၊ စည်ပင်သာယာရေးဝန်ကြီး မန္တလေးမြို့တော်ဝန် ဦးကျော်ဆန်း၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး၊ လူမှုရေးရာဝန်ကြီး ဦအောင်ကျော်မိုး၊ ဥပဒေချုပ် ဦးမြင့်အောင်၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ တိုင်းဒေသကြီးပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်းနှင့် ညွှန်ကြားရေးမှူးများ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌများ၊ ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ကြီးများ၊ International School နှင့် ကိုယ်ပိုင်ကျောင်းများမှ တည်ထောင်သူများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်းမှ ဘင်ခရာတပ်ဖွဲ့က ဝန်ကြီးချုပ်အား အလေးပြုသည်။ ထို့နောက် ၂၀၂၄/၂၀၂၅ ပညာသင်နှစ်၊ တိုင်းဒေသကြီးအဆင့် ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာအား ဝန်ကြီးချုပ်က စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးသည်။
၎င်းနောက် ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ၊ တိုင်းဒေသကြီးပညာရေးမှူးနှင့် အခြေခံပညာဦးစီးဌာနမှတာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးများနှင့် စုပေါင်းအမှတ်တရဓာတ်ပုံ ရိုက်ကူးကြကြောင်း သိရသည်။
မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)