ခန္တီး မေ ၁၇
နွေရာသီကျောင်းပိတ်ရက်ကာလများတွင် ပြည်သူများ အသိပညာအတတ်ပညာ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ တစ်ပိုင်တစ်နိုင်စီးပွားဖြစ် ထုတ်လုပ်ရောင်းချတတ်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်အတွက် လူငယ်အသက်မွေးဝမ်းကျောင်းပညာ မုန့်မျိုးစုံလုပ်နည်းသင်တန်းကို ပြုလုပ်လျက်ရှိရာ အားလူးနနွင်းမကင်းမုန့် ပြုလုပ်နည်းသင်တန်းကို စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ခရိုင်လူငယ်ရေးရာကော်မတီ၊ ခရိုင်လူမှုဝန်ထမ်းရုံးနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကာ ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က အဆိုပါလူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ မုန့်ပြုလုပ်နည်းသင်တန်းတွင် ခရိုင်လူမှုဝန်ထမ်းရုံး၊ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါ်မူမူထွန်းက အားလူးနနွင်းမကင်း ပြုလုပ်ရာတွင် ပါဝင်သည့် အားလူး၊ ဂျုံ၊ သကြား၊ ဆော်ဒါ၊ ဘိန်းစေ့၊ ထောပတ်၊ အုန်းနို့ စသည့် ပါဝင်ပစ္စည်းများအား ထည့်သွင်းအသုံးပြုရမည့် အချိုးအဆများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် ဒုတိယညွှန်ကြားရေးမှူး ဒေါ်မူမူထွန်းနှင့် ဒုတိယဦးစီးမှူး ဒေါ်နီနီအောင်တို့က လက်တွေ့သင်ကြားပြသရာ သင်တန်းသား/ သူလေးများက စိတ်ပါဝင်စားစွာ လက်တွေ့လိုက်ပါလုပ်ဆောင် သင်ကြားလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)