Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကျောက်ဆည်မြို့နယ်သမဝါယဦးစီးဌာနနှင့် တောင်သူများပူးပေါင်း၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရံပုံငွေဖြင့် စိုက်ပျိုးထားသော စပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
May 18,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် မြို့နယ်သမဝါယမဦးစီးဌာနနှင့် အခြေခံသမဝါယမသင်းသားတောင်သူများ ပူးပေါင်း၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးထားသော ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နွေစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ဦးမြို့နယ်အတွင်း ဝေမျှခြင်းပရဟိတမိသားမှ သောက်သုံးရေ ၃၂၀၀ ဂါလံလှူဒါန်း
May 18,2024
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်သော ကျေးရွာများသို့ ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလှူဒါန်းပေးလျက်ရှိရာ ယနေ့ နံနက် ၁၁ နာရီခွဲအချိန်က ချောင်းဝကျေးရွာနှင့် ငါ့လင်းပုတ်ကျေးရွာသို့ သောက်သုံးရေ သွားရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့၌ ပန်းခင်း (၃) စီမံချက်ဖြင့် အသက် (၁၀) နှစ် အထက်များအား နိုင်ငံသားစိစစ်ရေးကတ်များပြုလုပ်ပေးခြင်း၊ ကလေးမ…
May 18,2024
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဥ်းမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ကျော်နှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အသက် (၁၀) နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးခြင်းနှင့် ကလေးမွေးတိုးစာရင်းများ ထည့်သွင်းပေးခြင်း လုပ်ငန်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် ကွင်းဆင်းဆောင်ရွက်လျက်ရှိပြီး တုံတာ မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမ၌ မြေပြင်ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာအထက်တန်း (စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး) (ပဲနွယ်ကုန်း) ကျောင်းဖွင့်လှစ်ရေးအတွက် တွေ့ဆုံဆွေးနွေးပွဲအခမ်းအနား ကျင်းပ
May 18,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်းမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာအထက်တန်း (စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး) ကျောင်း ဖွင့်လှစ်ရေးအတွက် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့က အခြေခံပညာအထက်တန်း (ပဲနွယ်ကုန်း) ကျောင်းခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ပခုက္ကူမြို့၌ အပူရှောင်စခန်း စတင်ဖွင့်လှစ်ကာ သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ဆောင်ရွက်ပေး
May 18,2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ သက်ကြီးဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်များ၊ ကလေးသူငယ်များနှင့် ပြည်သူများ အပူဒဏ်အန္တရာယ်ခံစားမှု လျော့နည်းသက်သာစေရေးအတွက် မေလ ၁၄ ရက် နံနက်ပိုင်းမှ စတင်၍ အမှတ် (၁၄) ရပ်ကွက် စနစ်သစ်ပုထိုးတိုက်ကျောင်း၌ အပူရှောင်စခန်းဖွင့်လှစ်ကာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်လတ်မြို့၌ မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် စိုက်ပျိုးခြင်း သရုပ်ပြပွဲကျင်းပ
May 18,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ်၊ စိုက်ပျိုးရာသီ ကြဲခင်းများ လျော့နည်း ပပျောက်ရေး မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် စိုက်ပျိုးခြင်း သရုပ်ပြပွဲ ကျင်းပ ခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက ကျုံကလွတ်ကျေးရွာရှိ ဦးစိုးဟန်၏ လယ်မြေ ဧရိယာ (၈) ဧကတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်မဲမြို့နယ်တွင် မိုးရာသီ အကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ
May 18,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၉ နာရီက ကျောက်မဲမြို့၊ အမှတ် ၁ ရပ်ကွက်၊ မြို့အဝင်မုဒ်ဦးအနီး ပင်လုံလမ်းဘေးတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်းမြို့၌ ပန်းခင်းစီမံချက်-၃ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
May 18,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ပန်းခင်းစီမံချက်-၃ ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
4851
Page
4852
Page
4853
Page
4854
Current page
4855
Page
4856
Page
4857
Page
4858
Page
4859
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department