ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့၌ ပန်းခင်း (၃) စီမံချက်ဖြင့် အသက် (၁၀) နှစ် အထက်များအား နိုင်ငံသားစိစစ်ရေးကတ်များပြုလုပ်ပေးခြင်း၊ ကလေးမွေးတိုးစာရင်းများ ထည့်သွင်းပေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

တုံတာ မေ ၁၈

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဥ်းမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ကျော်နှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အသက် (၁၀) နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးခြင်းနှင့် ကလေးမွေးတိုးစာရင်းများ ထည့်သွင်း​ပေးခြင်း လုပ်ငန်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် ကွင်းဆင်းဆောင်ရွက်လျက်ရှိပြီး တုံတာ မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမ၌ မြေပြင်ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အသက် (၁၀) နှစ်နှင့် အထက်များအား နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးခြင်းလုပ်ငန်းနှင့် ကလေးမွေးတိုးစာရင်းများ ထည့်သွင်းပေးခြင်းလုပ်ငန်းများကို ၂၀၂၄ ခုနှစ်၊ မေလ (၁၈) ရက်နေ့မှ (၁၉) ရက်နေ့ထိ ဆောင်ရွက်ပေးသွားဖြစ်မည် ဖြစ်ကြောင်း သိရသည်။

မြတ်မွန်(ပြန်/ဆက်)