မိုင်းယောင်းမြို့၌ ပန်းခင်းစီမံချက်-၃ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

မိုင်းယောင်း မေ ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ပန်းခင်းစီမံချက်-၃ ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းနှင့် ဝန်ထမ်းများသည် ယမန်နေ့က မုန်းလိုက်အုပ်စု၊ နမ့်စလင်းကျေးရွာသို့ ကွင်းဆင်းပြီး အိမ်ထောင်စုလူဦးရေစာရင်းများနိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း