ညောင်ဦးမြို့နယ်အတွင်း ဝေမျှခြင်းပရဟိတမိသားမှ သောက်သုံးရေ ၃၂၀၀ ဂါလံလှူဒါန်း

ညောင်ဦး မေ ၁၈

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်သော ကျေးရွာများသို့ ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလှူဒါန်းပေးလျက်ရှိရာ ယနေ့ နံနက် ၁၁ နာရီခွဲအချိန်က ချောင်းဝကျေးရွာနှင့် ငါ့လင်းပုတ်ကျေးရွာသို့ သောက်သုံးရေ သွားရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။

ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်သောကျေးရွာများသို့ ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေများ လှူဒါန်းပေးလျက်ရှိရာ ယနေ့တွင်လည်း ချောင်းဝကျေးရွာအတွက် သောက်သုံးရေ ၁၆၀၀ ငါ့လင်းပုတ်ကျေးရွာအတွက် သောက်သုံးရေဂါလံ ၁၆၀၀ ဂါလံ၊ စုစုပေါင်း ၃၂၀၀ ဂါလံ လှူဒါန်းပေးခဲ့ကြောင်း၊ အေးမေတ္တာရေအလှူတော်အသင်းတာဝန်ရှိသူများထံက သိရသည်။

ဒီပါလင်း