Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မဟာသကျမာရဇိန် ကျောက်တော်ကြီးမြတ်စွာဘုရား (၁၃၇)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အကြို ပဋ္ဌာန်းသိမ်းအောင်ပွဲကျင်းပ
Sep 19,2025
မဟာသကျမာရဇိန်ကျောက်တော်ကြီးမြတ်စွာဘုရား၌ (၁၃၇)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အကြို ပဋ္ဌာန်းသိမ်းအောင်ပွဲကို စက်တင်ဘာ ၁၇ရက် နံနက် ၉ နာရီက အောင်မြေသာစံမြို့နယ် ဥပုသ်တော်ရပ်ကွက်၊ ၆၆ လမ်း၊ ၁၁×၁၂လမ်းကြားရှိ ဘုရားကြီး အာရုံခံတန်ဆောင်းတွင်ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ၊ အလှူရှင်များက ဘုရားအမှူးရှိသော ဆရာတော်သံဃာတော် (၄၉) ပါးတို့အား ဆွမ်းဆန်စိမ်းနှင့်လှူဖွယ်ပစ္စည်းများ လောင်းလှူခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလားခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် (အမျိုးသမီး)ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်
Sep 19,2025
၂၀၂၅-ခုနှစ်၊မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား၊ ခရိုင်ပေါင်းစုံ အသက် (၂၅)နှစ်အောက်(အမျိုးသမီး)ဘောလုံးပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၁၈ ရက် ညနေပိုင်းက အောင်မြေသာစံမြို့နယ်ရှိ အောင်မြေမန္တလာအားကစားကွင်းတွင် ကျင်းပသည်။ အခမ်းအနားတွင် ပထမဆုရရှိသည့် မိတ္ထီလာခရိုင်အသင်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်က ပထမဆုတံခွန်စိုက်ဆုဖလားနှင့်ငွေသားဆုများ၊ တိုင်းဒေသကြီးအမျိုးသမီး အားကစားဆပ်ကော်မတီ နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးက တစ်ဦးချင်း ဆုတံဆိပ်များ၊ကို ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သထုံမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကျင်းပ
Sep 19,2025
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကို ယနေ့ နံနက်ပိုင်းက သိမ်ကုန်းရပ်ကွက်ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၊ ဉာဏ်ဝေယံခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများနှင့်ကိုယ့်အား ကိုယ်ကိုး မူလတန်းကြိုကျောင်းများအားနှစ်စဉ်ကြေး ငွေကျပ် ၁၅၆ ဒသမ ၅၈ သန်းပေးအပ်
Sep 18,2025
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ နှင့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများအား နှစ်စဉ်ကြေးငွေများပေးအပ်ခြင်း အခမ်းအနားကို စက်တင်ဘာ ၁၇ ရက် နံနက် ၈ နာရီခွဲက ထားဝယ် မြို့တော်ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက တိုင်းဒေသကြီးအတွင်း လူမှုဝန်ထမ်းဦးစီးဌာနမှ တည်ထောင်ခွင့်ပြုမိန့် ရရှိပြီးသည့် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ လေးခု၊ အမျိုးသမီးဂေဟာနှစ်ခု၊ ဘိုးဘွားရိပ်သာသုံးခု၊ စေတနာမူလတန်း ညကျောင်းတစ်ကျောင်းနှင့် လူငယ့်ရိပ်သာတစ်ခုတို့အတွက် ထောက်ပံ့ ငွေကျပ် သန်း ၈၉ ဒသမ ၈၀ နှင့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း ၆၃ ကျောင်းသို့ ထောက်ပံ့ ငွေကျပ်သန်း ၆၆ ဒသမ ၇၈၀ ၊ စုစုပေါင်းနှစ်စဉ်ကြေး ငွေကျပ် ၁၅၆ ဒသမ ၅၈ သန်းအား ၂၀၂၅-၂၀၂၆ခု ဘဏ္ဍာရေး နှစ်အတွက် လူမှုဝန်ထမ်းဦးစီးဌာနမှ ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား (၄)ခရိုင် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်
Sep 18,2025
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၄)ခရိုင် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်း အနားကို စက်တင်ဘာ ၁၇ ရက် ညနေ ၃ နာရီ က ထားဝယ်မြို့ ရွှေဝယ်သီရီအားကစား ကွင်း၌ ကျင်းပသည်။ ဗိုလ်လုပွဲယှဉ်ပြိုင်နေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများကကြည့်ရှုအားပေးရာ ထားဝယ်ခရိုင်(က)အသင်းက မြိတ်ခရိုင်အသင်း ကို (၃)ဂိုး - ဂိုးမရှိဖြင့်အနိုင်ရသည်။
အပြည့်အစုံ ဖတ်ရန်
ချမ်းမြသာစည်မြို့နယ် အမှတ် (၃၁) အ.ထ.ကတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Sep 18,2025
အနာဂတ်၏ လူငယ်များ ထူးချွန်ထက်မြက်၍ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို စက်တင်ဘာ ၁၈ ရက်နေ့ မွန်းလွဲ (၁) နာရီက အမှတ် (၃၁) အခြေခံပညာအထက်တန်းကျောင်း အောင်မေတ္တာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး စက်သုံးဆီများ စနစ်တကျဝယ်ယူဖြန့်ဖြူးနိုင်ရေး၊ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်
Sep 18,2025
ကချင်ပြည်နယ်အတွင်း စက်သုံးဆီများ ဝယ်ယူဖြန့်ဖြုးရောင်းချရာတွင် ဝယ်ယူဖြန့်ဖြူးခြင်းလုပ်ငန်း လုပ်ကိုင်သူများနှင့် ဝယ်ယူသုံးစွဲသူများကိုလည်း ဒေသတွင်းဖြစ်ပေါ်နေသော ဈေးနှုန်းထက် သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်စေရေး၊ သင့်တင့်မျှတသည့် ဈေးနှုန်းသတ်မှတ်ပေးနိုင်ရေးအတွက် ပြည်နယ်စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ (PTSC) အဖွဲ့ဝင်များနှင့် ဆီလုပ်ငန်းရှင်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာ-သာစည်လမ်းမှ စက်ပစ်တောင်ကျေးရွာသွားလမ်း ကွန်ကရစ်လမ်းခင်းနေမှုအခြေအနေအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
Sep 18,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင်၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့် မိတ္ထီလာ-သာစည်လမ်းမှ စက်ပစ်တောင် ကျေးရွာသွားလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား စက်တင်ဘာ ၁၈ ရက်နေ့ နံနက်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
461
Page
462
Page
463
Page
464
Current page
465
Page
466
Page
467
Page
468
Page
469
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department