အမြို့မြို့အနယ်နယ်သတင်းများ

May 18,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်အတွင်းရှိ ပြည်သူများ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ရောဂါဖြစ်ပွားမှုမရှိစေရေးအတွက် ရပ်ကွက် လုံးကျွတ်အဘိတ်ဆေးခပ်ခြင်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၉) နာရီက ဒလမြို့နယ် ကမာကဆစ်ရပ်ကွက်၌ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
May 18,2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံနိုင်ရေး အသိပညာပေး နှိုးဆော်အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက ကျိုက္ခမီမြို့၊ မြို့မစျေးရပ်ကွက်(မြို့မစျေး)တွင် ဖြန့်ဝေခဲ့ကြသည်။
May 18,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်၊ နားလုံကျေးရွာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ (၂၀၂၆-၂၀၂၇) ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ်(၁၅)သန်းဖြင့် အစိုး၏ရက်(၁၀၀)စီမံချက်တွင် အကောင်ထည်ဖော်ဆောင်ရွက်သည့် ဒေသဝက်အကောင်(၂၀)နှင့် ဒေသကြက်အကောင်(၁၀၀)တို့ ထောက်ပံ့ပေးအပ်ပွဲကို မေ ၁၆ ရက်နေ့နံနက်(၀၉:၀၀)အချိန်က အဆိုပါကျေးရွာတွင် ကျင်းပပါသည်။
May 18,2026
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် ပြည်သူလူထုအား သိရှိလိုက်နာနိုင်စေရန် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရဲတပ်ဖွဲ့မှ ရက် (၁၀၀) စီမံချက်ဖြင့် မှုခင်းကျဆင်းရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၁) နာရီခွဲက အမှတ် (၁၅) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပသည်။
May 18,2026
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်တွင် ၂၀၂၆- ၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းတာ၀န်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီ၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
May 18,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ ရှေးဦးသူနာပြုစုခြင်း(သာမန်)အဆင့် (၁/၂၀၂၆)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်က အ.ထ.က(၁) မြန်အောင်၌ ကျင်းပပြုလုပ်သည်။
May 18,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ​တော်ဝင်စန္ဒကူးခန်းမ၌ ကျင်းပသည်။
May 18,2026
လွိုင်ကော်ပညာရေးဒီဂရီကောလိပ် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်က ပညာရေးဒီဂရီကောလိပ်၊ ကယားသဇင်ခန်းမဆောင်၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။