အမြို့မြို့အနယ်နယ်သတင်းများ

Sep 18,2025
အားကစားနှင့်လူငယ်ရေးရာအထောက်အကူပြုလုပ်ငန်းကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် သဘာဝဘေးရှာဖွေကယ်ဆယ်ရေးအဖွဲ့(YTD)တွေ့ဆုံပွဲကို ယမန်နေ့နံနက် ၉ နာရီက သာကေတမြို့နယ်ရှိရန်ကုန်တိုင်းဒေသကြီးလူငယ်စင်တာ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
Sep 18,2025
ဗိုလ်တထောင်ခရိုင်အတွင်းရှိ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်ဆောင်ရွက်ရန်အတွက် ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၁၆ ရက်နေ့ နံနက် ၉ နာရီခွဲက သာကေတမြို့နယ် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Sep 18,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနကကြီးမှူး၍ ကလေးသူငယ်များ ဉာဏ်ရည်၊ ဉာဏ်သွေး ထက်မြက်လာစေရန်၊ လူအများရှေ့တွင် ရဲရင့်စွာပြောဆိုတတ်စေရန်၊ စည်းလုံးညီညွတ်မှုရှိစေရန်ရည်ရွယ်၍ ကျောင်းတွင်းဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့ နံနက် ၉ နာရီက မင်းလှမြို့ မူလတန်းကြိုကျောင်း၌ ကျင်းပခဲ့သည်။
Sep 18,2025
ဧရာဝတီတိုင်းဒေသကြီး၊ ​မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ အ.မ.က (မဲကုန်း) ကျောင်း၌ စာဖတ်ရှိန်မြှင့် တင်ရေး အသိပညာပေးဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါကျောင်းရှိခန်းမ၌ပြုလုပ်ခဲ့ရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူ ၅၀ ဦးတက်ရောက်ခဲ့သည်။
Sep 18,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် လက်ကမ်းစာ‌စောင်ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၁၀ နာရီခွဲက အခြေခံပညာအလယ်တန်းကျောင်း (မြောက်ရပ်ကွက်)၌ကျင်းပ ပြုလုပ်ခဲ့သည်။
Sep 18,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု လူငယ်စကားဝိုင်း၊ ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများကို ယမန်နေ့နေလည် (၁)နာရီချိန်၌အမှတ် (၁)အခြေခံပညာ အထက်တန်း ကျောင်းအောင်ဆန်းခန်းမ၌ ကျင်းပခဲ့သည်။
Sep 18,2025
အကြမ်းဖက်ဖြစ်စဉ်များကြောင့် ရန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်၌ နေရပ်စွန့်ခွာရောက်ရှိနေသည့် ရခိုင်ပြည်နယ်မှ ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ပေးအပ်သော ဆန်၊ ဆီ၊ ဆား၊ ပဲ (တစ်ပတ်စာ) ထောက်ပံ့ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့တာမွေမြို့နယ် နတ်ချောင်းရပ်ကွက်ရှိ မြန်မာသီရိလင်္ကာရာမကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။
Sep 18,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်တွင် ကျေးရွာစာကြည့်တိုက်သို့ စာအုပ် စာစောင်များ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၁၁ နာရီက အောင်မင်္ဂလာကျေးရွာ အနာဂတ်အလင်းရောင် စာကြည့်တိုက်၌ ကျင်းပသည်။