မဟာအောင်မြေ မေ ၁၈
မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် မြတောင်ကျောင်းတိုက်အတွင်း ရာပြည့်ဗိမာန်တော်ကြီး၌ ယနေ့မွန်းလွဲပိုင်းက ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲ ကျင်းပသည်။
၂၀၂၆ခုနှစ် ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲကို မြတောင်ကျောင်းတိုက် နာယကဆရာတော် ဦးရာဇိန္ဒာဘိဝံသ၊ မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဦးအဂ္ဂဓမ္မတို့ ကြီးကြပ်မှုဖြင့် ဗုဒ္ဓဘာသာယဉ်ကျေးမှု စာမေးပွဲကို ဖြေဆိုသူ ၁၅၈ ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ စာမေးပွဲကို မေ ၁၈ ရက်မှ ၂၀ ရက်အထိ သုံးရက်တာ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲဖြေဆိုသူများအား ရတနာဘုမ္မိအနောက်ရပ်ကွက်နှင့် မဟာအရှေ့ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ လိုအပ်သည်များကူညီဆောင်ရွက်ခဲ့ပြီး စာမေးပွဲဖြေဆိုသူများနှင့် ကြီးကြပ်ဆရာတော်ကြီးများအား မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်မှုအဖွဲ့နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇင်မာထွန်းနှင့်အဖွဲ့များက ရေနှင့် အချိုရည်ဘူးများ လှူဒါန်းခဲ့ကြောင်းလည်းသိရသည်။
အောင်ဇော်မင်း