အမြို့မြို့အနယ်နယ်သတင်းများ

Sep 18,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဋ္ဌ ဦးကျော်မင်းလှိုင်နှင့် အဖွဲ့ဝင်များက မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးခြင်းကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉) နာရီခွဲအချိန်က မိုင်းအော့ကျေးရွာ၊ ဘုံခန်းမဆောင်၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Sep 18,2025
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိူးမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲကို ယမန်နေ့က ပြည်သူ့ဆေးရုံကြီး၌ ကျင်းပသည်။
Sep 18,2025
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ဖြင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းနှင့် အသိပညာပေးခြင်းကို စက်တင်ဘာ ၁၇ ရက်က  ရွာတန်းကျေးရွာအုပ်စု၊ ရွာသစ်ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပခဲ့သည်။
Sep 18,2025
အားကစားနှင့်လူငယ်ရေးရာအထောက်အကူပြုလုပ်ငန်းကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် သဘာဝဘေးရှာဖွေကယ်ဆယ်ရေးအဖွဲ့(YTD)တွေ့ဆုံပွဲကို ယမန်နေ့နံနက် ၉ နာရီက သာကေတမြို့နယ်ရှိရန်ကုန်တိုင်းဒေသကြီးလူငယ်စင်တာ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
Sep 18,2025
ဗိုလ်တထောင်ခရိုင်အတွင်းရှိ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်ဆောင်ရွက်ရန်အတွက် ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၁၆ ရက်နေ့ နံနက် ၉ နာရီခွဲက သာကေတမြို့နယ် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Sep 18,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနကကြီးမှူး၍ ကလေးသူငယ်များ ဉာဏ်ရည်၊ ဉာဏ်သွေး ထက်မြက်လာစေရန်၊ လူအများရှေ့တွင် ရဲရင့်စွာပြောဆိုတတ်စေရန်၊ စည်းလုံးညီညွတ်မှုရှိစေရန်ရည်ရွယ်၍ ကျောင်းတွင်းဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့ နံနက် ၉ နာရီက မင်းလှမြို့ မူလတန်းကြိုကျောင်း၌ ကျင်းပခဲ့သည်။
Sep 18,2025
ဧရာဝတီတိုင်းဒေသကြီး၊ ​မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ အ.မ.က (မဲကုန်း) ကျောင်း၌ စာဖတ်ရှိန်မြှင့် တင်ရေး အသိပညာပေးဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါကျောင်းရှိခန်းမ၌ပြုလုပ်ခဲ့ရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူ ၅၀ ဦးတက်ရောက်ခဲ့သည်။
Sep 18,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် လက်ကမ်းစာ‌စောင်ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၁၀ နာရီခွဲက အခြေခံပညာအလယ်တန်းကျောင်း (မြောက်ရပ်ကွက်)၌ကျင်းပ ပြုလုပ်ခဲ့သည်။