သံတောင်ကြီး မေ ၂၆
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်၌ ၂၀၂၆-၂၀၂၇ပညာသင်နှစ်ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေ၂၅ရက်မှ ၃၁ရက်အထိ သတ်မှတ်ထားရာ မေ ၂၅ ရက် နံနက် ၉ နာရီတွင် သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းအပ်လက်ခံ ဆောင်ရွက်ကြောင်း သိရသည်။
ထိုသို့ကျောင်းအပ်လက်ခံနေမှုအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးဆန်းဗိုလ် နှင့် အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး ဒေါ်စဲဘွယ်ဖော၊ မြို့နယ်ပညာရေးမှူး ဦးအောင်အောင်ပြည့်နှင့် ဘာသာရေးအသင်းအဖွဲ့မှ ဆရာတော်များက လာရောက်ကြည့်ရှုအားပေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
အဆိုပါ ကျောင်းအပ်လက်ခံမှုများဆောင်ရွက်ပေးရာတွင် ပညာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသော ကျောင်းသူ/ကျောင်းသား တစ်ဦးချင်းစီအတွက် ကျောင်းဝတ်စုံများ၊ ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များနှင့် စာရေးကိရိယာများကို တစ်ပါတည်းထုတ်ပေးခဲ့ကြောင်း သိရသည်။
နော်နော်မူ