ပြည်ကြီးတံခွန် မေ ၂၆
မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေခရိုင် ပြည်ကြီးတံခွန်မြို့နယ် အမှတ်(၂၇)အခြေခံပညာအထက်တန်းကျောင်း အောင်တံခွန်ခန်းမ၌ ယနေ့ နံနက် ၉ နာရီက ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပသည်။
အခမ်းအနားတွင် ပြည်ကြီးတံခွန်မြို့နယ် အမှတ်(၂၂)အခြေခံပညာအလယ် တန်းကျောင်းမှ ကျောင်းသား/သူလေးများက “ပန်းများဝေစည် ပွင့်ကြမည်” သီချင်းဖြင့် အခမ်းအနား စတင်ဖွင့်လှစ်သည်။ ဆက်လက်ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးသောင်းနိုင်က အမှာစကားပြောကြားခဲ့ပြီး ၂၀၂၆ -၂၀၂၇ ပညာသင်နှစ်အတွက် နိုင်ငံတော်မှ အခမဲ့ဖြန့်ဝေသည့် ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံများကို ပြည်ကြီးတံခွန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦး၊ မန္တလေး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလွင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးသောင်းနိုင်နှင့် အဖွဲ့ဝင်များကပေးအပ်ခဲ့ရာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာ၊ ဆရာမများကလက်ခံရယူသည်။ ၎င်းနောက် အမှတ်(၂၇) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက “မိုးဦးအလှ စိမ်းစိုပြည်” သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး သီဆိုဖျော်ဖြေသည့် ကျောင်းသား/ကျောင်းသူများအား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထင်လင်းစိုးက ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။
ဇင်မင်းမောင် (ခရိုင်၊ ပြန်/ဆက်)